28 C
Yangon

သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ စလင်းမြို့နယ် ကံပြားရဲစခန်းကို တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၅ ဦး အပြင်းအထန်ဒဏ်ရာ

Must read

သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ စလင်းမြို့နယ် ကံပြားရဲစခန်းကို တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၅ ဦး အပြင်းအထန်ဒဏ်ရာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ခမရ ၉ တပ်ရင်းမှူးနေအိမ်နှင့် ကင်းပုန်းစစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၁၂ နာရီခန့်အချိန် စစ်သားများ တပ်စွဲထားသော ခမရ တပ်ရင်း ၉ အတွင်းရှိ တပ်ရင်းမှူးနေအိမ်၊ ဗဟိုကင်းတို့ကို ၆၀ မမ ဗုံးသီး ၄ လုံးအသုံးပြုပြီး ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်း၊ လိုင်းခန်းနှင့် တပ်ရင်းမှူးနေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ မိုး ကောင်းဘုရားနှင့် ဖော်ဖကျေးရွာအနီး ကင်းပုန်းဝပ်ရန် လာရောက်သော စစ် သားများကို လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကင်းပုန်းကို တပ်စခန်းရော နှစ်နေရာချခဲ့တာ၊ ကင်းပုန်းက မနက် ၁၀ နာရီ ၁၈ မိနစ်မှာချတယ်၊ ခမရ ၉ တပ်က ၁၂ နာရီကျော်မှာ ထပ်ချတာပါ၊ အရင်ကတော့ ဗုံးချပြီဆိုတာနဲ့ လက်နက်ကြီးရော၊ လက်နက် ငယ်တွေရောပြန်ပစ်တာရှိတယ်၊ ဒီတစ်ခါတော့ လက်နက်ငယ်ပစ်သံမကြားရတော့ဘူး၊ အသံကြားတာနဲ့ ပုန်းနေကြတာနေမှာ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad (HRS) ၊ KNLA တပ်ရင်း၂ တပ်ခွဲ ၃ နှင့် PDF တပ် ရင်း၂ တပ်ခွဲ၃ တို့ ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်သော်လည်း အတည်မပြုနိုင် သေးကြောင်း၊ ခမရ ၉ တပ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီး ၇ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အခုနောက်ပိုင်း သူတို့ခြေကုပ် အထိုင်တပ်ရင်း တပ်စခန်းတွေထဲမှာကိုပဲ သူတို့အတွက် လုံခြုံမှုမရှိတော့ ဘူးဆိုတာ ဒီကောင်တွေသိနေပြီ၊ အဲဒါကြောင့် ဗဟိုကင်းတို့၊ တပ်ရင်းမှူးနေအိမ်တို့လိုမျိုး အဆောက် အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ မုံရွာ- ပုသိမ်လမ်းပေါ်ရှိ ကံပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စလင်း PDF ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီခွဲခန့်က အဆိုပါရဲစခန်းအား RPG လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ် သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းအတွင်းရှိ လိုင်းခန်းကိုလည်း ပြာချပေး ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း တပ်ရင်း -၁ (PDF –Salin) ၊ မင်းဘူးပကဖနှင့် ပွင့်ဖြူပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားသေဆုံးမှုရှိခဲ့ကြောင်း၊ ယနေ့နံနက် ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း စလင်းသို့ အချိန်မီပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စလင်း PDF က ဆိုသည်။

ဓာတ်ပုံ- စစ်ရေးစွမ်းရည်ပြသနေသော တောင်းပိုင်းတိုင်း စစ်ဒေသမှ PDF တပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article