36 C
Yangon

မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီတင်ပို့ရောင်းချမှုအားလုံးကို ကနေဒါ က ပိတ် ပင်လိုက်ပြီး တိုင်းမှူးနှင့် ဗိုလ်ချုပ် ၆ ဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

Must read

မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီတင်ပို့ရောင်းချမှုအားလုံးကို ကနေဒါ က ပိတ် ပင်လိုက်ပြီး တိုင်းမှူးနှင့် ဗိုလ်ချုပ် ၆ ဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ကနေဒါအစိုးရက မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်နှင့်တိုင်းမှူး ၆ ဦးကို ပိတ်ဆို့ အရေး ယူကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီး မြန်မာစစ် အာဏာ သိမ်း မှု နှင့်ပတ်သက်သူ လူပုဂ္ဂိုလ် ၉၀ ဦးကျော်ကို အရေးယူခဲ့ပြီးဖြစ်ကြောင်း ကနေဒါ အစိုးရ ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ကနေဒါအစိုးရက ထပ်မံ ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်သည့် စစ်ဗိုလ်ချုပ် နှင့် တိုင်းမှူး ၆ ဦးမှာ-

၁- ပဲခူးတိုင်းတိုင်းမှူး ထိန်ဝင်း (ဗိုလ်ချုပ်)

၂-ရခိုင်တိုင်းမှူး ထင်လတ်ဦး (ဗိုလ်ချုပ်)

၃-ယခင်စစ်ကိုင်းတိုင်းမှူးဟောင်း သန်းထိုက် (ဗိုလ်မှူးချုပ်)

၄-ရန်ကုန်တိုင်းမှူး ညွှန့်ဝင်းဆွေ( ဗိုလ်ချုပ်)

၅- ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်

၆-ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ တို့ဖြစ်ကြသည်။

ထို့ပြင် အကြမ်းဖက် မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီ တင်ပို့ခြင်း၊ ရောင်းချ ခြင်း၊ ထောက်ပံ့ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများကို လုံး၀ ပိတ်ပင်ကြောင်း ကနေဒါ အစိုးရက ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article