38 C
Yangon

ကော့သောင်းတွင် ပျူစောထီးဒုတိယခေါင်းဆောင် ဆန်းတင် ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၂ လက်နှင့်ခဲယမ်းများကို PDF က သိမ်းဆည်း ၊ အလောင်း လာကောက်သည့် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး

Must read

ကော့သောင်းတွင် ပျူစောထီးဒုတိယခေါင်းဆောင် ဆန်းတင် ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၂ လက်နှင့်ခဲယမ်းများကို PDF က သိမ်းဆည်း ၊ အလောင်း လာကောက်သည့် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲတွင် ပျူစောထီး ဒုတိယ ခေါင်းဆောင် ဆန်းတင်ကို ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး ၎င်း ထံမှ M16 A1 သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း ကော့ သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်က ခမောက်ကြီး မြို့နယ်ခွဲ ၊ မာရမ်းကျေးရွာ နေ ပျူစောထီး ဒုခေါင်းဆောင်ဆန်းတင်ကို ၎င်း၏ နေအိမ်မှာပင် ကော့သောင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ M16၊ A1 သေနတ် ၂ လက်၊ ကျည်ဘောက်အရှည် တစ်ခု၊ ကျည်ဆံ ၂၈ တောင့်၊ ဓားမြောင် ၃ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ သည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ပျူစောထီး ဆန်းတင်၏ အလောင်းကို သယ်ဆောင်ရန် အကြမ်းဖက်စစ်တပ်က ကားအကြီး ၂ စီး အင်အား ၆၀ ခန့်ဖြင့် ခမောက်ကြီးမြို့မှ မာရမ်းကျေးရွာဘက်သို့ လာရောက်ရာ ရှမ်း ကိုးရွာ ရွာချင်း ဆက်လမ်းမပေါ် အောင်ချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာအကြား ပလက်ခွ တံတားအ နီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်နေ ပြည်သူများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိဟု တော်လှန်ရေးတပ်ဖွဲ့က တရားဝင် ထုတ်ဖော်ပြော ဆိုထားသည်။

ဓာတ်ပုံ- သေဆုံးသွားသည့် ဆန်းတင်ထံမှ သိမ်းဆည်းရရှိသည့် M16 A1 သေနတ် ၂ လက်နှင့် ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article