30 C
Yangon

ကနီမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သပိတ်ပြုလုပ်

Must read

ကနီမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦး

တော်လှန်ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှဦးဆောင်ပြီး နယ်မြေမငြိမ်မသက်ဖြစ်နေသည့်ကြားမှ တော်လှန်သပိတ်ကို ပြည်သူအင်အားအများအပြားဖြင့် ပြုလုပ်ခဲ့သည်။

“စစ်အာဏာရှင်ရှိနေသရွေ့ တိုင်းပြည်သေမိန့်ကျမည်” ဘန်နာစာတမ်းကိုင်ဆောင်၍ “စစ်အာဏာရှင်ပြုတ်ကျရေး ဒို့အရေး”၊ “ဖက်ဒရယ် ဒီမိုကရေစီရရှိရေး ဒို့အရေး”၊

“ထလော့ မြန်မာ မြန်မာ ထလော့” ၊ “ထလော့ ကနီ ကနီ ထလော့” ၊ “သခင်မျိုးဟေ့ ဒို့မြန်မာ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည်” ၊ “သခင်မျိုးဟေ့ ဒို့ကနီ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည်” ကြွေးကြော်သံများ ကြွေးကြော်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။

သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြောကြပြီး ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေး

သစ္စာသီချင်းကို သံပြိုင်သီဆိုခြင်းများ၊ သွေးစည်းညီညွတ်ရေး တေးသီချင်းများ၊အကအလှများဖြင့်လည်း ပြည်သူများကို စည်းရုံး လှုံ့ဆော်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article