38 C
Yangon

နိုင်ငံတစ်ဝန်း စစ်တပ်ထောက်ခံပွဲများကို တစ်ရပ်ကွက်လျှင် လူ ၁၀ ဦးနှုန်းဖြင့် မြို့နယ်တိုင်း မဖြစ်မနေ ခြိမ်းခြောက် ကျင်းပခိုင်း၊ စစ်ထောက်ခံပွဲများအတွက် စစ်တပ်က လုံခြုံရေးချထားပေး

Must read

နိုင်ငံတစ်ဝန်း စစ်တပ်ထောက်ခံပွဲများကို တစ်ရပ်ကွက်လျှင် လူ ၁၀ ဦးနှုန်းဖြင့် မြို့နယ်တိုင်း မဖြစ်မနေ ခြိမ်းခြောက် ကျင်းပခိုင်း၊ စစ်ထောက်ခံပွဲများအတွက် စစ်တပ်က လုံခြုံရေးချထားပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်တပ်ထောက်ခံပွဲများကို တစ်ရပ်ကွက်လျှင် လူ ၁၀ ဦးနှုန်းဖြင့် မြို့နယ်တိုင်း မဖြစ်မနေ ခြိမ်းခြောက် ပြုလုပ် ကျင်းပခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ကို ပြည်သူတစ်ရပ်လုံးက ပါဝင်ဆန္ဒထုတ်ဖော်ပြီး နောက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့နယ်အားလုံးတွင် စစ်တပ်ထောက်ခံပွဲများ ကျင်းပရန် အမိန့် ပေးလာကြောင်း၊ တစ်ရပ်ကွက်လျှင် လူ ၁၀ ဦးနှုန်းဖြင့် မြို့နယ်တိုင်း မဖြစ်မနေ တပ်ထောက်ခံပွဲများ ကျင်းပရန် ဖိအားပေး ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တစ်ရပ်ကွက်ကို လူ ၁၀ ဦး တက်ရမယ်။ မတက်နိုင်တဲ့ အိမ်တွေက ငွေ ၅၀၀၀ စုပေးပြီး သွားတက်မယ့် လူ ၁၀ ဦးအတွက် နေ့စားခနဲ့ လမ်းစရိတ်လိုမျိုး ပြန်ပေးခိုင်းတယ်။ ရပ်ကွက်ပြည်သူတွေက တပ်ထောက်ခံပွဲအတွက် လူမပေးတာ၊ အလှူငွေ မပေးတာမျိုး မလုပ်ရင် အာဏာဖီဆန်မှု နဲ့ ဖမ်းမယ် ဆီးမယ်ပြောတယ်။ လုံခြုံရေးအတွက် စီမံထားလို့ စိတ်ချလက်ချ တက်လို့ရတယ် အာမခံတယ်ဆိုပြီး စစ်တပ်က ဖိအားပေးခိုင်းပါတယ်” ဟု ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်း စစ်တပ်ထောက်ခံပွဲများအတွက် တက်ရောက်သူများကို ပေးရသည့် နေ့စားခများ သည် တပ်ထောက်ခံပွဲ မတက်နိုင်သော ပြည်သူများထံမှ ငွေများ စစ်တပ်က ခြိမ်းခြောက်ကောက်ခံ၍ ပွဲစရိတ်အဖြစ်လည်းကောင်း ၊ တပ်ထောက်ခံ ပွဲတက်သူများ၏ နေ့စားစရိတ် အဖြစ် ပြန်လည် အသုံးပြုခြင်းဖြစ်ကြောင်း ပြည်သူများက ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော စစ်တပ်ထောက်ခံပွဲအတွက် ရပ်ကွက်တစ်ခုလျှင် လူ ၁၀ ဦးပေးရမည့်ဆင့်ခေါ်စာတွင်လည်း မပျက်မကွက် တက်ရောက်ရမည်ဆိုသော စာသားကို အထူးပြု၍ ပေးပို့ထားသည်ကို မြင်တွေ့ရသည်။

နေပြည်တော်တွင်လည်း တပ်ထောက်ခံပွဲများအတွက် စစ်တပ်က စစ်တပ်နှင့်ရဲများကို ကင်းပုန်းများချထားပေးခဲ့ပြီး လုံခြုံရေး ချထားပေးသည့် ဇယားများကို ရန်ကုန်ခေတ်သစ်က ရရှိခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article