32 C
Yangon

ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံး စည်ကား၊ ကျေးရွာများကို စစ်တပ်က မီးမရှို့၊ စစ်တပ်က PDF များကို အနိုင်ရနေ၊ ခေတ်သစ်အပါအဝင် မီဒီယာများက တိုင်းပြည် ဖျက်နေ စသည့် ဝါဒဖြန့် စာရွက်များကို ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ် လိုက်ဝေနေ

Must read

ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံး စည်ကား၊ ကျေးရွာများကို စစ်တပ်က မီးမရှို့၊ စစ်တပ်က PDF များကို အနိုင်ရနေ၊ ခေတ်သစ်အပါအဝင် မီဒီယာများက တိုင်းပြည် ဖျက်နေ စသည့် ဝါဒဖြန့် စာရွက်များကို ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ် လိုက်ဝေနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစကားများ ပါဝင်သော စာရွက်များကို နိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ ဝေငှနေကြောင်း ရန်ကုန်ခေတ်သစ်ထံသို့ ပြည်သူများက သတင်းပေးပို့ကြသည်။

ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစကားများ ပါဝင်သည့် စာရွက်များကို ယမန်နေ့ ညနေပိုင်းမှစတင်၍ ဝေငှခြင်းဖြစ်ပြီး အဓိကအားဖြင့် ယင်းဝါဒဖြန့် စာရွက်များတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် ကျဆုံးပြီး စည်ကားခဲ့ကြောင်း၊ ကျေးရွာများကို စစ်တပ်က မီးရှို့ခြင်းမဟုတ်ဘဲ PDF က မီးရှို့ခြင်းဖြစ်ကြောင်း ၊ ၂ နှစ်တာကာလအတွင်း စစ်တပ်က PDF များကို အနိုင်ရနေကြောင်း၊ ခေတ်သစ်အပါအဝင် မီဒီယာများက ဝါဒဖြန့်၍ မတည်မငြိမ် ဖြစ်အောင် လုပ်နေကြောင်း စသည်ဖြင့် ဝါဒဖြန့် သတင်းစကားများကို ရေးသားထားသည်။

“မနေ့ညနေက သန်လျင်မှာ ဝေနေတာ။ ကားတွေကို စစ်တပ်နဲ့ရဲက အတင်းတားပြီး စာရွက်တွေဝေတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ယူတယ်။ မိနစ် ၂၀ လောက်ဝေပြီးတော့ ပြန်သွားကြတယ်။ ဆိုင်ကယ်တွေ ကားတွေ ကို ဝေနေတာ။ မဟုတ်တာတွေချည်းပဲ ရေးထားတာ” ဟု သန်လျင်ဒေသပြည်သူ တစ်ဦးက ပြောသည်။

အလားတူ မှော်ဘီမြို့နယ်တွင်လည်း ယင်းသို့ စစ်တပ် ဝါဒဖြန့် စာရွက်များကို စစ်တပ်၊ ရဲ၊ မီးသတ်နှင့် ထွေ/အုပ်များက လမ်းဆုံ၊လမ်းခွများနှင့် စာသင်ကျောင်းများတွင် လိုက်လံဝေငှကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်တပ်၏ ဝါဒဖြန့် ရုပ်မြင် သံကြား သတင်းလိုင်းများ၊ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများကို ပြည်သူများက ဖတ်ရှုမှု မရှိတော့၍ ဝါဒဖြန့် စာရွက်များ လိုက်လံ ဝေငှခြင်း၊ ဓာတ်တိုင်များတွင် စာရွက်များ ကပ်ခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုက်လံ လုပ်ဆောင်နေရပြီး များကြာမီ လမ်းဆုံ၊ လမ်းခွများတွင် ဆိုင်းဘုတ်များ ပါ ထောင်ရန် ပြင်ဆင်နေကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article