34 C
Yangon

နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်ခိုင်၏ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်၊ လှိုင်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်ခိုင်၏ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်၊ လှိုင်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတင်ခိုင်၏နေအိမ်ကို ယနေ့ ညပိုင်း PDF တပ်များက ဗုံးခွဲတိုက်ခိုက်ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖေ်ာဝါရီလ ၄ ရက်နေ့ ည ၇ နာရီ ၂၇ မိနစ်အချိန် အုပ်ချုပ်ရေးမှူး တင်ခိုင် ၏ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း၊ အုပ်ချုပ်ရေးမှူးတင်ခိုင်သည် စစ်တပ်က ပြုလုပ်ရန်ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အခြေခံမဲစာရင်းပြုစုခြင်းအပါအ၀င် တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးအပေါ်ယုံကြည်ပူး ပေါင်းသည့်ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့်အတွက် ဗုံးခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညပိုင်း မန္တလေး ချမ်းမြသာစည်မြိုနယ် သင်ပန်းကုန်းရပ်ကွက် အကြား ညည ၆၃/ ၄၄ရပ်ကွက် ယခင်ရာအိမ်မှုးမှ ရာထူး တိုးထားသော အသစ်စက်စက် အုပ်ကြီး သာဋ္ဌေးကို အောင်စည်တော်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး သာဌေးသည် ကျူးကျော်များ ရှင်းလင်းရေးဟုဆိုကာ အများပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးရန် စာရင်းကောက်ရာတွင် ဦးဆောင်သူ၊ ဧည့်စာရင်းလက်ခံသူ၊ မဲစာရင်း၊ လူဦးရေစာရင်း၊ အိမ်ထောင်စုစာ ရင်းအိမ်ထောင် စုကောက်ရာတွှု် ဦးဆောင်နေသူဖြစ်ကြောင်း၊ သေနတ်ဖြင့် ၇ ချက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် လှိုင်မြို့နယ် ၃ ရပ်ကွက် ရာအိမ်မှူး မင်းဇော်လည်း သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီဝန်းကျင်အချိန် ဘုရင့်နောင် (၁၀) လမ်းတွင် ရာအိမ်မှူး မင်းဇော် ဆိုက်ကားစီးလာစဉ် ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားရာ ရာအိမ်မှူး မင်းဇော်မှာ ဦးခေါင်းကျည်ထိ၍ သေဆုံးခဲ့ပြီး ဆိုက်ကားသမားမှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“နေ့စဉ် ဆက်တိုက် ရာအိမ်မှူး တွေ အုပ်ချုပ်ရေးမှူးတွေ မီးသတ်တွေ ပစ်ခတ်ခံရပြီး သေဆုံးနေတယ်။ အခုညလည်း ဧည့်စာရင်းတွေ ဝင်စစ်နေတယ်” ဟု အမှတ် ၃ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- လှိုင်မြို့နယ် ၃ ရပ်ကွက်မှ ရာအိမ်မှူး မင်းဇော် ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article