38 C
Yangon

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် နူကလီးယားစင်တာ မင်းအောင်လှိုင် ဖွင့်မည့်သတင်း ပေါက်ကြားမှုကြောင့် ဒရုန်းဖြင့် ဗုံးကျဲခံရမည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမည်ကို စစ်ကောင်စီက အထူးစိုးရိမ်ပြီး လုံခြုံရေး အမြင့်ဆုံးတင်းကျပ်

Must read

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် နူကလီးယားစင်တာ မင်းအောင်လှိုင် ဖွင့်မည့်သတင်း ပေါက်ကြားမှုကြောင့် ဒရုန်းဖြင့် ဗုံးကျဲခံရမည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမည်ကို စစ်ကောင်စီက အထူးစိုးရိမ်ပြီး လုံခြုံရေး အမြင့်ဆုံးတင်းကျပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် နူကလီးယားစင်တာကို ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မင်းအောင် လှိုင် ဖွင့်လှစ်မည့်သတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေါက်ကြားလာပြီးနောက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲခံရမည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမည်ကို စစ်ကောင်စီက အထူးစိုးရိမ်ပြီး လုံခြုံရေး အမြင့်ဆုံးတင်းကျပ်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။

“ခေတ်သစ်မှာ နူကလီးယား စင်တာ လှိုင်နယ်မြေမှာ ဖွင့်မယ့် သတင်းပေါက်လို့ အခု ဒရုန်းပစ်ချတဲ့ စက်တွေ၊ ဆက်သွယ်ရေး ဖြတ်တောက်တဲ့ စက်တွေ အများကြီး ပိုတိုးထားတယ်။ စနိုက်ပါတွေ ကင်းပုန်းတွေ ထပ်တိုးပါတယ်။ မူလ စီစဉ်ထားတဲ့ အရေအတွက်ထက် ချက်ချင်း တိုးမြှင့်တာပါ။ တပ်ချုပ်တက်မယ်၊ ရုရှားဘက်က နူကလီးယားကော်ပိုရေးရှင်း ညွှန်ချုပ်တက်မှာမို့ အတိမ်းအစောင်းခံလို့ မရဘူးဆိုပြီး လုံခြုံရေး အမြင်ဆုံး တိုးလိုက်တယ်။ မသင်္ကာရင် ပစ်သတ်ခွင့်ပြုထားတယ်။ ဖွင့်ပွဲလုပ်မယ့် ပတ်ဝန်းကျင်ကို လမ်းတွေပါပိတ်ဆို့ထားမယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

လှိုင်နယ်မြေ အနီးအနားရှိ အထပ်မြင့်တိုက်များ၊ လှိုင်တက္ကသိုလ်နယ်မြေအတွင်းတွင်လည်း စနိုက်ပါများ၊ ကင်းပုန်းများ၊ လုံခြုံရေးများ ထူထပ်စွာ နေရာမြောက်မြားစွာတွင် ချထားပြီး ယင်းအနီးအနား နေထိုင်သူ ပြည်သူများ၏ သန်းခေါင်စာရင်းများ ချက်ချင်းကောက်ယူခြင်း၊ ဧည့်သည် လက်ခံခြင်းမပြုရန် ညွှန်ကြားမှုများရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း ဖွင့်လှစ်မည့် ရုရှား-မြန်မာ နူကလီးယား စင်တာ ဖွင့်ပွဲသို့ ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM ၏ ညွှန်ကြားရေးမှူးချုပ် Mr Aleksei Likhachev တက်ရောက်မည်ဖြစ်ပြီး Private ဂျက်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ ဖွင့်ပွဲပြီးသည်နှင့် ယနေ့ မွန်းလွဲပိုင်း ရုရှားသို့ ပြန်လည် ထွက် ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်တွင် Nuclear Technology Information Center တည်ထောင်ရန် ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၃ လနီးပါးကြာချိန်တွင် ယင်းသို့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်းအတွင်းတွင် နူကလီးယား အချက်အလက် နည်းပညာစင်တာဖွင့်လှစ် ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်း အင် အားသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံ တည် ဆောက်ရန် ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article