28 C
Yangon

ကလေးမြို့ GTC အနီးတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ရေစကြို မင်းရွာတွင် တပ်စွဲထားသော စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ပျူစောထီးနှင့်စစ်သား ၅ ဦးသေဆုံး

Must read

ကလေးမြို့ GTC အနီးတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ရေစကြို မင်းရွာတွင် တပ်စွဲထားသော စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ပျူစောထီးနှင့်စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အစိုးရ နည်းပညာကောလိပ် GTC အနီးတွင် ယမန်နေ့ နံနက်ပိုင်း စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ကလေးမြို့အခြေစိုက် တော်လှန်ရေး အဖွဲ့များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ကလေးမြို့‌တောင်ဘက်မှ စက်ဂိတ်မှ အင်အား ၁၀၀ ခန့် ပါသော စစ်ကြောင်းသည် ခြေလျင်ဖြင့် အစိုးရနည်းပညာကောလိပ်GTC ကျောင်းတွင် တပ်စွဲထားသော စစ်ကြောင်းဖြင့် တပ်ပြောင်းတပ်ချိန်းပြုလုပ်ရန် လာရောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး မိုင်းဆွဲမှုကြောင့် အနည်းဆုံး စစ်သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

” ပထမ စစ်ကြောင်းက ချင်းဆိုင်တောင်ဘက်အထွက် GTC ဆီမရောက်ခင် ကြားမှာ မိုင်း ၂ လုံးဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ခွေးတွေ က လမ်းဘယ်ညာ တစ်ဝက်စီခွဲပြီး ခြေလျင်လျှောက်လာကြတာ။ ပထမ မိုင်းဖောက်ခွဲမှုက ဟန်ပြ ဖောက်ခွဲတယ်။ အဲဒီနောက်မှာ စစ်ကြောင်းက ခြေလျင်လျှောက်ပြီး ဆည်မြောင်းရုံး ဘေးလမ်း အပင်အောက်မှာ အရိပ်ခိုတဲ့အချိန်မှာ တကယ်ခွဲကြလိုက်တာ မိုင်းကြီးတွေကို ထိတာက ၅ ဦးပဲ။ ပထမ နေရာတင် ၁ ဦးသေတယ်။ နောက်တော့ ၃ ဦး။ နောက်ဆုံးမှာ ၅ ဦး သေတာ။ လမ်းမှာ မောင်းလာတဲ့ ပြည်သူရဲ့ကားကို ထိတယ်။ လူတော့ မထိခိုက်ဘူး။ မနေ့က ဆည်းမြောင်းရုံး အပင်အောက် မိုင်းက စုစုပေါင်း စစ်သား ၅ ဦးသေဆုံးတာ အတည်ပြုနိုင်ပါတယ်” ဟု ကလေးမြို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

ကလေးမြို့တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်သော အဖွဲ့မှာ ကလေးမြို့နယ် ပကဖ လက်အောက်တွင် လှုပ်ရှားနေသော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာရှိ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း အညာသားပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ မင်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မွန်းလွဲ နာရီထိ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးနှင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်း တပ်ရင်းဘ၄ (MSPDF)၊ အညာသားပြောက်ကျား တပ်ဖွဲ့၊ CDSO Mအနောက်ပိုင်း တိုက်ခိုက်ရေးအဖွဲ့ (001)၊ ပခုက္ကူခရိုင်း တပ်ရင်း ၁၀ ၊ခွဲ ၃ PHOENIX အထူးပြောက်ကျား တပ်ဖွဲ့ -ရေစကြို၊ SSTS တပ်ဖွဲ့၊ KPDF-2 တပ်ဖွဲ့နှင့် ရဲဘော်ညီနှောင် တပ်ဖွဲ့ -တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အညာသားပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ကလေးမြို့ပေါ်တွင် ကင်းလှည့်နေသော PDF တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article