38 C
Yangon

မြစ်ခြေ မွေးမြူရေးတပ် ဝင်စီးခံရပြီး အရာရှိနှင့်စစ်သား ၁၀ ဦး သေဆုံးဖမ်းဆီးခံရသည့်အတွက် အင်အားအလုံးအရင်းဖြင့် စစ်ကူတပ်များ ရောက်ရှိ၊ သံချပ် ကာကားများဖြင့်ပါ ကင်းလှည့်နေ

Must read

မြစ်ခြေ မွေးမြူရေးတပ် ဝင်စီးခံရပြီး အရာရှိနှင့်စစ်သား ၁၀ ဦး သေဆုံးဖမ်းဆီးခံရသည့်အတွက် အင်အားအလုံးအရင်းဖြင့် စစ်ကူတပ်များ ရောက်ရှိ၊ သံချပ် ကာကားများဖြင့်ပါ ကင်းလှည့်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ မွေးမြူရေးတပ်ကို ဝင်စီးခံရပြီး အရာရှိနှင့်စစ်သား ၁၀ ဦး သေဆုံး ဖမ်းဆီးခံလိုက်ရသည့်အတွက် အင်အားအလုံးအရင်းဖြင့် စစ်ကူတပ်များ ရောက်ရှိလာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“အခု မြစ်ခြေမြို့ပေါ်မှာ စစ်တပ် အင်အားထပ်မံဖြည့်တင်းနေပါတယ်။ စစ်ကားတွေ အများကြီးပဲ။ ရိက္ခာကားတွေလည်းပါတယ်။ မြစ်ခြေမြို့ပေါ်မှာလည်း ပတ်ကင်းတွေ သံချပ်ကာကားတွေရောပါတယ်။ တစ်မြို့လုံးမှာ စစ်သားတွေချည်းပဲ။ ဒေသမြို့နေပြည်သူများ ညပိုင်း ပစ်ခတ်မှုတွေ ဖြစ်လာမှာ စိုးရိမ်နေကြတယ်။ စစ်သားတွေကလည်း လူတွေကို ရန်သူတွေလို ကြည့်နေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်က မြစ်ခြေမြို့ အဝင်အထွက်များကို တင်းကျပ်စွာ စစ်ဆေးနေပြီး မွေးမြူရေး တပ်ဝန်းကျင်တွင်လည်း လုံခြုံရေး အများအပြားချထားကြောင်း၊ မြစ်ခြေမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးမည်ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသပြည်သူများ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။

ဒေသပြည်သူတစ်ဦးကမူ စစ်တပ်က သူခိုးပြေးမှ ထိုးကွင်းထ ဆိုသကဲ့သို့ သူ၏ တပ်ရင်း တပ်ဖွဲ့များကို မကာကွယ်နိုင်ဘဲ တိုက်ခိုက်ခံရပြီးမှ အင်အားပြလေ့ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များကို မနိုင်တော့သောအခါ ဒေသပြည်သူများကို ညှဉ်းပန်းနှိပ်စက်လေ့ရှိသဖြင့် မြို့နေပြည်သူများအတွက် စိုးရိမ်နေရကြောင်း ပြောသည်။

“မြို့ပေါ်မှာ ကိုယ့်ရှိတာလေးတွေ ထုပ်သိမ်းထားရတယ်။ စစ်တပ်က အတိုက်ခံလိုက်ရမှ အင်အားတွေပြနေတာ။ ဟိုက တိုက်တဲ့သူတွေတောင် နှစ်ရေးလောက် အိပ်နေမှ ရောက်လာကြ။ PDF တွေ မနိုင်တော့ ပြည်သူတွေကို လာဖြဲခြောက်နေတယ်။ သူခိုးပြေးမှ ထိုးကွင်းထနေကြတာ။ ပြီးရင် ပြည်သူကို နှိပ်စက်မယ်၊ အိမ်တွေဖျက်မယ်၊ မီးရှို့မယ်။ လုမယ် ယက်မယ် သတ်မယ် ဖြတ်မယ် ဒါတွေပဲ လုပ်မှာ စစ်ခွေးတွေက ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- စစ်တပ် သံချပ်ကာ ကားတစ်စီးကိုတွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်။)

Photo- Agnecy။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article