32 C
Yangon

စစ်တပ် လက်အောက်ခံ BGF စောချစ်သူ လုပ်ကိုင်နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့

Must read

စစ်တပ် လက်အောက်ခံ BGF စောချစ်သူ လုပ်ကိုင်နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီက အခက်တွေ့နေကြောင်း နေပြည်တော် ပြည်ထဲရေး သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး‌ ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို မကိုင်တွယ်လိုသော်လည်း နှစ်နိုင်ငံ အရေးကိစ္စ ပုံစံဖြစ်လာသဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို တာဝန်ပေးအပ်ကြောင်း သိရှိရသည်။

လက်ရှိ ရွှေကုက္ကိုလ်တွင် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတချို့ လစာကောင်းသော အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လူကုန်ခံရမှုများရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ရွှေကုက္ကိုလ်ထဲတွင် လုံခြုံရေး အပြည့် ပေးထား ကြောင်း၊ ရွှေကုက္ကိုလ်တွင် တရားမဝင် နေထိုင်သော တရုတ်၊တရုတ်(ဟောင်ကောင်)၊ထိုင်ဝမ် နိုင်ငံသား ၁၀၀ ကျော်၊ဗီယက်နမ်နိုင်ငံသား ၁၀ ဦး၊ ထိုင်းလူမျိုး ၂၀ ကျော် ရှိကြောင်း ၊ စစ်တပ်နှင့်ရဲက ယင်းတရားမဝင် နေထိုင်သူများကို ဖမ်းဆီးမှုများရှိသော်လည်း ရဲက BGF နှင့် ညှိနှိုင်းပြီ ပြန်လွှတ်ပေးခဲ့ကြောင်း၊ လက်ရှိတွင်လည်း ဗီယက်နမ်နိုင်ငံဘက်က အမှုဖွင့်လာမှုအပေါ် စသုံးလုံးက အယောင်ပြသာ စစ်ဆေးမှု လုပ်နိုင်ကြောင်း သိရှိရသည်။

“ဗီယက်နမ်ဘက်က အမှုဖွင့်တာကလည်း ဒီလိုပဲ ပြီးသွားမှာပါပဲ။ ထိရောက်တဲ့ အရေးယူမှု ရှိဖို့တော့ မလွယ်ပါဘူး။ အခုလို ကရင်ဘက်မှာ မတည်မငြိမ်ဖြစ်နေတော့ BGF အဖွဲ့ကို စစ်တပ်က တင်းတင်းကျပ်ကျပ် မကိုင်ရဲဘူး။ ဗီယက်နမ်ဘက်က အမှုဖွင့်တာကို ဟန်ပြလောက်တော့ စစ်ဆေးပါတယ်ဆိုပြီး လုပ်ပြတဲ့သဘောပါပဲ” ဟု နေပြည်တော်ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ရွှေက္ကိုလ်တွင် မြန်မာအမျိုးသမီး တချို့ လူကုန်ကူးခံရပြီး လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ကိုင်ရမှုများ၊ လူငယ်တချို့မှာလည်း အတင်းအကျပ် အလုပ်ခိုင်းစေခံရမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားတပ် ခေါငး်ဆောင် ဗိုလ်မှူးကြီး စောချစ်သူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article