30 C
Yangon

ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် စစ်တပ်စစ်ကြောင်းတစ်ခု ချင်းပြည် နယ် ဘက်သို့ ရိက္ခာများ တင်ဆောင် ထွက်ခွာ

Must read

ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် စစ်တပ်စစ်ကြောင်းတစ်ခု ချင်းပြည် နယ် ဘက်သို့ ရိက္ခာများ တင်ဆောင် ထွက်ခွာ

ရန်ကုန်၊ မတ် ၉

ချင်းပြည်နယ်ဘက်သို့ ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် စစ်ကြောင်းတစ်ခု ရိက္ခာများ တင်ဆောင် ထွက်ခွာသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် ချင်းပြည်နယ်၊ တီးတိန်ဘက်သို့ ရိက္ခာများနှင့်အတူ စစ်အင်အား ၇၀ ကျော် တက်သွားကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

“၁၂ ဘီးကားတွေက အရပ်သား ကားတွေ ပုံစံနဲ့ ချင်းပြည်နယ်ဘက် တက်သွားတယ်။ စစ်ကားမဟုတ်ဘူး။ စစ်သားတွေနဲ့ ရိက္ခာတွေ ပါသွားတယ်။ စစ်အင် အား ၇၀ နဲ့ ၁၀၀ ကြားလောက်တော့ရှိမယ်။ တောင်ပေါ် တက်တာ။ ချင်းပြည် နယ် တီးတိန်ဘက် ဦးတည်နေတယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ကလေးမြို့ သတင်းရင်းမြစ်တချို့ကလည်း စစ်တပ် သံချပ်ကာ ၂ စီး၊ ပြည်သူများထံမှ အတင်းအကျပ် ချောဆွဲထားသော ၁၂ ဘီးကား ၂၈ စီးဖြင့် ချင်းပြည် နယ်ဘက်သို့ စစ်ကြောင်းတစ်ခု ထွက်ခွာသွားကြောင်း အတည်ပြု ပြောဆိုကြသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ချင်းပြည်နယ်ဘက်သို့ တက်သွားခဲ့သည့် စစ်ကားတန်း တစ်ခု။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article