29 C
Yangon

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ပြုစုနေသော ရေဖြူမြို့နယ် လဝကရုံးကို PDF က ဝင်ရောက်စီးနင်း မီးရှို့ ရှင်းလင်း

Must read

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ပြုစုနေသော ရေဖြူမြို့နယ် လဝကရုံးကို PDF က ဝင်ရောက်စီးနင်း မီးရှို့ ရှင်းလင်း

ရန်ကုန်၊ မတ် ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက် အောက် ခံ လဝကရုံးအား စီးနင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဥဩ စစ် ကြောင်း(ထားဝယ်မြို့နယ်)ထံမှ သိရှိရသည်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ည ၇ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီက တရားမဝင်ပြုလုပ်မည့် ရွေး ကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ခံ နေ သော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရေဖြူမြို့ နယ် လဝကရုံးကို ဥဩ စစ်ကြောင်း(ထားဝယ်မြို့နယ်)နှင့် DNLA တပ်ခွဲ ၂ တို့က ပူးပေါင်းကာ ဝင် ရောက် စီးနင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲအတွက်ကောက်ခံထားသော စာရွက် စာတမ်းများ မီးရှို့ဖျက်ဆီးကာ ကွန်ပျူတာ တစ်လုံးကို သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။

ရေဖြူမြို့နယ် လ၀ကရုံးကို စီးနင်းဝင်ရောက်စဉ် စစ်တပ်က ရမ်းကား ပစ်ခတ် ခဲ့သော်လည်း ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဥဩစစ်ကြောင်း(ထားဝယ် မြို့နယ်) အနေဖြင့် စစ်တပ်က ဦးဆောင် ကျင်းပမည့် တရားမဝင်ရွေးကေက်ပွဲကို ဆန့်ကျင့် သွားမည် ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

“မနေ့ညက လ၀ကရုံး မီးရှို့ခံရပြီးတော့ စစ်တပ်နဲ့ ရဲက ပတ်ပတ်လည်ကို ပိတ် ဆို့ ပြီး ရှာဖွေ စစ်ဆေးတာတွေလုပ်တယ်။ လ၀ကရုံးကတော့ ပျက်စီးမှု တွေ ရှိပါတယ်။ မြို့ခံတွေလည်း စစ်တပ်ကရမ်းကားမှာ စိုးရိမ်နေကြတယ်။ ဒါပေမယ့် ကိုယ် တို့ ရဲဘောတွေ လုပ်တာ မှန်တယ်ဆိုတဲ့အသိနဲ့အားလုံးက အားပေး ထောက် ခံပါတယ်” ဟု ရေဖြူမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article