36 C
Yangon

စစ်တပ်က ၂၈ နှစ်ကြာ သိမ်းပိုက်ခဲ့သော မယ်ခါထာ စခန်းကို ပြန် သိမ်း ယူနိုင် ခဲ့ပြီဟု KNU တပ်မဟာ ၅ က အတည်ပြုကြေညာ၊ စစ်တပ်ဘက်မှ ၁၆ ဦးသေ ဆုံး ပြီး လက်နက် ၂၃ လက် ရရှိ

Must read

စစ်တပ်က ၂၈ နှစ်ကြာ သိမ်းပိုက်ခဲ့သော မယ်ခါထာ စခန်းကို ပြန် သိမ်း ယူနိုင် ခဲ့ပြီဟု KNU တပ်မဟာ ၅ က အတည်ပြုကြေညာ၊ စစ်တပ်ဘက်မှ ၁၆ ဦးသေ ဆုံး ပြီး လက်နက် ၂၃ လက် ရရှိ

ရန်ကုန်၊ မတ် ၃၀

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သံလွင်မြစ်ကမ်းဘေးတွင် အကြမ်းဖက် စစ်တပ်က ၂၈ နှစ်ကြာ သိမ်းပိုက်ခဲ့သော မယ်ခါထာ စခန်းကို ပြန်လည် သိမ်းယူ နိုင်ခဲ့ပြီဟု KNU တပ်မဟာ ၅ က အတည်ပြုကြေညာသည်။

မတ်လ ၂၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီက အခိုင်အမာ စခန်းချ ထားသော မယ့်ခါထာ စခန်းကို ပြန်လည် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁၆ ဦး သေဆုံးပြီး လက်နက် ၂၃ လက် ရရှိကြောင်း၊ ၄၅မိနစ်တိုက်ပွဲကြာချိန် အပြီး စခန်း ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်လိုက်ကြောင်း၊ ဒဏ်ရာရရှိသူ အကြမ်း ဖက် စစ်သား ၇ ဦး အနက်မှ ၅ ဦးက ထိုင်းနိုင်ငံဘက်ခြမ်း သို့ကူးခတ် လွတ် မြောက် သွားပြီး ယခုအချိန်တွင်ထိုင်းတော်ဝင်တပ်မတော်မှ နီးစပ်ရာ ရှိ ထိုင်း ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးလျက်ရှိကြောင်း KNU တပ်မဟာ ၅ ကဆို သည်။

စခန်းပြန်လည်သိမ်းယူအပြီး အကြမ်းဖက်စစ်စီ၏လက်နက်မျိုးစုံဖြစ်သည့် MA-1၊ MA-2၊ MA-4၊ RPG-7 ၊ ၆၀မမစိန်ပြောင်း၊ စက်လတ်နှင့် စနိုက်ပါ စုစု ပေါင်း ၂၃ လက်နှင့် ကျည် ၃၃၆၀ တောင့်အပြင် ဆက်သွယ်ရေးစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၂ လုံး၊ ဓာတ်ခဲဗူး ၄ ဗူးနှင့် စစ်ဘောင်းဘီ ၂ ထည် သိမ်း ဆည်းရမိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း KNLA-ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် FFD ပူး ပေါင်း တပ်ဘက်မှ တစ်ဉီးကျဆုံးပြီး ၈ ဉီးဒဏ်ရာရရှိသွားကြောင်း၊ မယ့်ခါထာ စခန်း သည် ယခင် KNLA ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ် ရင်း ၂၀ အခြေစိုက်ရာဒေသဖြစ်ကာ ၁၉၉၅ ခုနှစ် KNU ဗဟိုဌာနချုပ် မာ နယ် ပလော ကျဆုံးအပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား အလုံး အရင်း ဖြင့်ထိုးစစ်ဆင်သိမ်းယူထားသည့် KNLA စခန်းဟောင်းဖြစ်ကြောင်း သိရှိ ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article