28 C
Yangon

ဘုရားသုံးဆူ တိုက်ပွဲတွင် ခမရ ၅၉၇ မှ ဗိုလ်မှူး ဗညားဇော် သေဆုံး၊ အလောင်းပြန်မရဘဲ နာရေး လုပ်ရ

Must read

ဘုရားသုံးဆူ တိုက်ပွဲတွင် ခမရ ၅၉၇ မှ ဗိုလ်မှူး ဗညားဇော် သေဆုံး၊ အလောင်းပြန်မရဘဲ နာရေး လုပ်ရ

ရန်ကုန်၊ မတ် ၁

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၉၇ မှ ဗိုလ်မှူး ဗညားဇော် သေဆုံးသွားပြီး အလောင်း ပြန်မရဘဲ နာရေး လုပ်ရကြောင်း ဇနီးဖြစ်သူ၏ လူမှုကွန်ရက်တွင် ရေးသားမှုနှင့် ကျန်ရစ်သူမိသားစု၏ မိတ်ဆွေဖြစ်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ စနေနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဗိုလ်မှူး ဗညားဇော် တိုက်ပွဲအတွင်း သေဆုံးခြင်းဖြစ်ပြီး အလောင်းပြန်မရရှိကြောင်း၊ သေဆုံးချိန်တွင် ဇနီးဖြစ်သူ တပ်ကြပ်ကြီး စာရေး နှင့် သားတစ်ဦး ကျန်ရစ် ကြောင်း သိရှိရသည်။

“ကရင်ဘက်မှာ ကျတာ။ ၂၅ ရက်နေ့ ဘုရးသုံးဆူ တိုက်ပွဲလို့တော့ ပြောတယ်။ အသေးစိတ်တော့ မေးမကောင်းလို့ မမေးဖြစ်ပါဘူး” ဟု သေဆုံးသူ၏ ကျန်ရစ် သော မိသားစုနှင့်ရင်းနှီးသူ မြောက်ဒဂုံမှ မိတ်ဆွေတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ် ကြီးမြို့နယ်၊ ဘုရားသုံးဆူ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းနှင့် မဟာ မိတ် ပူးပေါင်းတပ်များက တိုက် ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲ အတွင်း ရဲစခန်း နှင့် စစ်ကောင်စီတပ်များဘက်မှ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး PDF တစ်ဦး ကျဆုံးကြောင်း နဂါနီးစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article