36 C
Yangon

မတ္တရာနှင့် စစ်ကိုင်း အစပ်ရှိ ရွာ ၇ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရပြီး ဒေသပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

မတ္တရာနှင့် စစ်ကိုင်း အစပ်ရှိ ရွာ ၇ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရပြီး ဒေသပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အစပ်ရှိ ကျေး ရွာ ၇ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ညပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်အတွင်းရှိ ဒေါင်းကျွန်းရွာ၊ အိုင်ဒိုင်ရွာ၊ စုပေါင်းကျွန်းရွာနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ထုံးဘိုရွာ၊ အုပ်စုငါးရွာ၊ မယ်ဇလီချောင်းရွာ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သော​ကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့ ညနေပိုင်းကတည်းက မတ္တရာဘက်က စစ်ခွေးတွေ စစ်ကိုင်း ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်လိုက် အီနာနဲ့ဗုံးကျဲလိုက် လုပ်နေလို့ စစ်ကိုင်းနဲ့ မတ္တရာမြို့နယ် အစပ်က ဧရာ၀တီ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေက ပြည်သူ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်။ ပြည်သူ ၂ ဦး လက်နက်ကြီး ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရ​ထားတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article