29 C
Yangon

မတ္တရာမြို့နယ် လဝက ဦးစီးမှူး ကျော်နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မတ္တရာမြို့နယ် လဝက ဦးစီးမှူး ကျော်နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပျူစောထီးစည်းရုံးရေးမှူးနှင့်ထောက်ပို့လုပ်ငန်းလုပ်ကိုင်နေသူ လဝက ဦးစီးမှူး ကျော်နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Voice of Mamdalay အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၁၄ ရက် နံနက် ၁၀ နာရီခန့်က မတ္တရာမြို့နယ်၊ ဝရင်းတုတ်ကျေးရွာ တံတား အနောက် ထိပ်နေရာတွင် ဦးခေါင်းကို သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရကာ သေဆုံးသွားပြီး ၎င်းထံမှ သွေးစွန်းထား သော ဓားနှင့် စာရွက်စာတမ်းများ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူကျော်နိုင်ဦးသည် ကိုယ်ခံပညာတတ် မြောက်ထားကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ တစ်ယောက်တည်းသွားလာနေတုန်း ရှင်းပစ်ခံလိုက်ရတာ၊ ရှင်းတဲ့အဖွဲ့တွေဆီက သိရ တာ တော့ ဓားကို သိမ်းဆည်းရရှိတဲ့အချိန်မှာ သွေးစွန်းနေတယ်လို့ သိရတယ်၊ သူက ပျူစောထီးထဲ ဝင်ဖို့ လူတွေကို စည်းရုံးတယ်၊ ပျူစောထီးထောက်ပို့လည်းလုပ်တယ်၊ အဲဒါကြောင့်ရှင်းလင်းခံခဲ့ရတာပါ” ဟု Voice of Mamdalay အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article