28 C
Yangon

အကြမ်းဖက်မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စား လှယ် Deng Xijun တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ

Must read

အကြမ်းဖက်မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စား လှယ် Deng Xijun တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ

■ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆုံးဖြတ်ချက် အကြမ်းဖက် စစ်တပ်က မလိုက်နာမှု အစီရင်ခံရန် ရှိနေ

ရန်ကုန်၊ မတ် ၇

အကြမ်းဖက်မင်းအောင်လှိုင်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စား လှယ် Deng Xijun က ယမန်နေ့ နေပြည် တော်တွင် ဒုတိယအကြိမ်မြောက် လာရောက်တွေ့ဆုံကြောင်း အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန် သည်။

မတ်လ ၆ ရက်နေ့ နေပြည်တော်တွင် အကြမ်းဖက်မင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ် Deng Xijun တို့ တွေ့ဆုံခဲ့ကြပြီး လက်ရှိ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ၊ နိုင်ငံရေး ကိစ္စများ ဆွေးနွေး ကြောင်း အကြမ်းဖက် စစ်ကောင် စီက သတင်းထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် တရုတ်အထူးကိုယ်စားလှယ် Deng Xijun သည် မြန်မာ့အရေး သံတမန်အဖြစ် ခန့်အပ်ခံရပြီးနောက် အကြမ်းဖက်မင်းအောင်လှိုင်ကို ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံခဲ့ပြီး လက်နက်ကိုင်တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များကိုလည်း တွေ့ဆုံခဲ့သည်။

ယင်းနောက် ဒုတိယအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအအတွင်း တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များကို တရုတ်အထူးကိုယ်စားလှယ် Deng Xijun က သွားရောက် တွေ့ဆုံပြီးနောက် မတ်လ ၆ ရက်နေ့တွင် အကြမ်းဖက်မင်းအောင် လှိုင်ကို နေပြည်တော်တွင် ဒုတိယအကြိမ်အဖြစ် သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို မြန်မာစစ်တပ်က လိုက်နာမှု မရှိသည့်အပေါ် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီထံသို့ အစီရင်ခံရန်ရှိနေခြင်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံ ရေးကောင်စီကို တင်ပြရန်ရှိနေခြင်းတို့ကြောင့် တရုတ်အနေဖြင့် မြန်မာစစ်တပ်ကို ကာကွယ်ပေးရေး နှစ်ဖက် တွေ့ဆုံကြခြင်းဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article