28 C
Yangon

မိုးကောင်းတွင် ခလရ ၇၄ တပ်မှ ဗိုလ်ကြီး ဇင်မင်းဦးကို ရုပ်ဖျက်၍ သွားလာနေစဉ် PDF တပ်များက ပစ်ခတ်မှု ဒဏ်ရာ အပြင်းအထန်ရရှိပြီး သေဆုံးရန် များပြား

Must read

မိုးကောင်းတွင် ခလရ ၇၄ တပ်မှ ဗိုလ်ကြီး ဇင်မင်းဦးကို ရုပ်ဖျက်၍ သွားလာနေစဉ် PDF တပ်များက ပစ်ခတ်မှု ဒဏ်ရာ အပြင်းအထန်ရရှိပြီး သေဆုံးရန် များပြား

ရန်ကုန်၊ မတ် ၁၁

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ခလရ ၇၄ တပ်မှ ဗိုလ်ကြီး ဇင်မင်းဦးသည် ရုပ်ဖျက်၍ သွားလာနေစဉ် PDF တပ်များက ပစ်ခတ်သဖြင့် ဒဏ်ရာ အပြင်းအထန်ရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရကာ သေဆုံးရန် များပြားကြောင်းတော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။

မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန် မိုးကောင်းမြို့ မြောက်ဘက်၊ နမ္မတီးမြို့ အနောက်မြောက်ဖက်ပိုင်း ၊ လီဒိုလမ်းပေါ် ( စတီးဝဲလ်လမ်း ) ရှိ စီဒီယံရွာနှင့်နမ္မတီးမြို့အကြား မိုးကောင်းမြို့ စကခ ၃ စခန်းကုန်းမှာ သတင်းပို့ပြီး ဆိုင်ကယ်နှင့် ရုပ်ဖျက်ပြန်လာသော ခလရ ၇၄ တပ်မှ ဗိုလ်ကြီးဇင်မင်းဦးကို မိုးကောင်း KPDF နှင့် နမ္မတီး KPDF တို့က သေနတ်ဖြင့် ၀ိုင်းဝန်းပစ်ခတ်ကြောင်း၊ ကျည် ၄ ချက် ထိမှန်ပြီး မိုးကောင်းဆေးရုံအတွင်းတွင် အရေးပေါ် ကုသမှု ခံယူနေကာ သေဆုံးရန် များကြောင်း သိရှိရသည်။

” ဗိုလ်ကြီး ဇင်မင်းဦးက အရေးပေါ်ဖြစ်နေပြီ ။ အပစ်ခံပြီးဆိုတာနဲ့ သူက သေချင်ယောင်ဆောင်လိုက်တာ။ ရဲဘော်တွေကလည်း သေပြီး အထင်နှင့် ထားခဲ့ကြတာ။ စီဒီယံ ရင်ကွဲတောင်စစ်တပ်ကဂိတ်ကနီးတော့ မြန်မြန် တပ်ပြန်ဆုတ်လာကြတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article