38 C
Yangon

ပေါင်မြို့နယ်၊ ရင်းငြိမ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ ကျွန်းစုမြို့နယ်တွင် စစ်တပ်သတင်း ခင်ချိုနှင့်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံး

Must read

ပေါင်မြို့နယ်၊ ရင်းငြိမ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ ကျွန်းစုမြို့နယ်တွင် စစ်တပ်သတင်း ခင်ချိုနှင့်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်း‌ငြိမ် ရဲစခန်းကို အထူးစစ်ဆင်ရေး S.O.F ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေး S.O.F မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရင်းငြိမ် ရဲစခန်းကို S.O.F ဒရုန်းတပ်ဖွဲ့က ဗုံးသီး နှစ်လုံးဖြင့် တိတိ ကျကျ ဗုံးကျဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ရဲစခန်းမှ ထိခိုက်သေဆုံးမှု ရှိကြောင်း၊ ရဲစ ခန်း သို့ စစ်ကား ၄ စီး သထုံဘက်မှဆင်းလာပြီး အရေးပေါ်လူနာတင်ယာဥ်နှင့် ဝင်ရောက်သယ်ဆောင်သွားသည့်အတွက် ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာကျေး ရွာတွင်နေထိုင်သော စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ခင်ချိုသည် PDF တပ်များ၏ သွားလာလှုပ်ရှားမှုများ ကို ဓာတ်ပုံမှတ်တမ်းများရယူကြောင်း၊ ယင်းနောက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရေတပ်ထံသို့ သတင်းများပေး ပို့ခြင်းနှင့် ကျေးရွာနေပြည်သူလူထုအား ခြိမ်းခြောက်အနိုင်ကျင့်နေခြင်းတို့ လုပ် ဆောင်နေသည့် အတွက် မတ်လ ၅ ရက်နေ့ ည ၈ နာရီခန့်အချိန် PDF ရဲဘော်များက ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း စစ်ဒေသ ၃ သတင်းနှင့်ပြန် ကြား ရေးဌာနက သတင်းထုတ်ပြန်သည်။

စစ်တပ် သတင်း ပေး ခင်ချိုကို ပစ်ခတ်ရှင်းလင်းခံရ ပြီးနောက် ရေကြောင်း အ တိုင်း စစ်ကြောင်းထိုးလာကြောင်း ၊မတ်လ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် အကြမ်းဖက် စစ်သားနှင့်ပျူစောထီးပူးပေါင်းအဖွဲ့သည် စစ် သင်္ဘော အငယ် ၂ စီး၊ သားပေါက်၁ စီးတို့ဖြင့် ကျွန်းစုမြို့နယ်၊ သော်တောင်ငယ်ကျေးရွာနှင့် သံပြာ ကျေးရွာအနီးရှိ ချောင်းရိုးအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကျွန်းစုမြို့ နယ်၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)မှ လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ဒေသ ၃ သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ဓာတ်ပုံ- ပေါင်မြို့နယ်၊ ရင်း‌ငြိမ် ရဲစခန်းကို အထူးစစ်ဆင်ရေး S.O.F ဒရုန်းတပ် ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article