37 C
Yangon

ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ ပြည်သူ ၆ ဦးကို သတ်ဖြတ်၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀၀ ကျော်ပြာကျ

Must read

ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ ပြည်သူ ၆ ဦးကို သတ်ဖြတ်၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀၀ ကျော်ပြာကျ

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ် တပ်က ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၀ ကျော်ပြာခဲ့ကြောင်း တမာရင်ခွင် လူမှုကူညီရေး အသင်းက တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ဝက် လက်မြို့နယ်အတွင်းရှိ မုဆိုးခြုံဘူတာရွာ၊ တည်တောရွာ၊ ဘိုတဲရွာ၊ အောင်ချမ်းသာရွာ၊ ကျီးကန်းတောင်ရွာ၊ ကျီးကန်းမြောက်ရွာ၊ စိုင်နိုင်ကြီးရွာ၊ စိုင်နိုင်လေးရွာနှင့် ဘုန်းဘွဲ့ရွာ တို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုဆိုးခြုံဘူတာရွာသား ၁ ဦး၊ ဘိုတဲရွာက အဖွားအို ၁ ဦးနှင့် ကျီးကန်း တောင်/မြောက် ကျေးရွာသား ၄ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့သွားတဲ့ရွာတွေက ပြည်သူတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်။ ကျွန်တော်တို့ အညာရင်ခွင် လူမှုရေးအသင်းကတော့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေးနဲ့ ဘုန်းဘွဲ့ ရွာတွေကိုတော့ လှူတန်းပြီးပြီ တခြားရွာတွေလည်း လှူတန်းဖို့ လိုအပ်နေသေးတယ်။ အလှူရှင်တွေ အနေနဲ့လည်း အညာရင်ခွင် လူမှုရေး အသင်း facebook page ကို ဆက်သွယ်လှူဒါန်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု တမာရင်ခွင် လူမှုကူညီရေး အသင်းက တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article