30 C
Yangon

ကလေးမြို့မြောက်ပိုင်း၊ ပျဉ်တော်ဦးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ရဟတ် ယာဉ်ဖြင့် တိုက်ခိုက်၊ စစ်ဘေးရှောင်ပြည်သူ ၂ ဦးဒဏ်ရာရ

Must read

ကလေးမြို့မြောက်ပိုင်း၊ ပျဉ်တော်ဦးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ရဟတ် ယာဉ်ဖြင့် တိုက်ခိုက်၊ စစ်ဘေးရှောင်ပြည်သူ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၃၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ပျဉ်တော်ဦးရွာအနီးတွင် စစ်တပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ရဟတ် ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဘေး ရှောင် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကလေးမြို့မြောက်ပိုင်း၊ ပျဉ် တော် ဦးရွာနှင့် နန်းဆောင်းပုရွာ ကြားတွင် တိုက်ပွဲဖြစ်ခဲ့ရာ အနီးအနား ရှိ ရွာသူ၊ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပျဉ်တော်ဦး ရွာမှ ကလေး မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူတချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ပွဲ အခြေ အနေနဲ့ပတ်သက်၍ အခြေအနေ မသိရ သေးကြောင်း သိရသည်။

“တိုက်ပွဲက မနက်ကတည်းက ဖြစ်နေတာ၊ ကလေးမြို့ကနေတက်လာတဲ့ ရဟတ် ယာဉ် တစ်စီးနဲ့လည်း လှည့်ပတ်ပစ်နေတော့ ရွာသူ၊ရွာသား တွေ ထွက် ပြေးနေကြရတာ၊ ပျဉ်တော်ဦးရွာကနေ ကလေးမြို့ကို ထွက်ပြေးလာ တဲ့ ပြည် သူနှစ်ဦး ဒဏ်ရာရထားတယ်၊ တခြားထိခိုက်သေဆုံးတာတွေ ရှိနိုင်ပေ မယ့် မသိရသေးဘူး၊ အခုညနေ ၅ နာရီ ၂၂ မိနစ်မှာတော့ တိုက်ခိုက်ရေး ရဟတ် ယာဉ် ကလေးမြို့ကို ပြန်လှည့်သွား တယ်” ဟု ဒေသနေပြည်သူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

တိုက်ပွဲဖြစ်ရာနေရာသို့ ကလေးမြို့၊ အောင်ဇေယျရပ်ကွက်ရှိ စစ်တပ်က လက် နက် ကြီးများဖြင့်လည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် MI 17 သယ်ယူ ပို့ ဆောင် ရေး ရဟတ်ယာဉ်တစ်စီးဖြင့်လည်း စစ်သားများပို့ဆောင်နေကြောင်း၊ ယခုညနေ ပိုင်းအထိ တိုက်ပွဲဖြစ်နေကြာင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article