30 C
Yangon

မြိုင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး၊ အုတ်ဖိုတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၂၀ လုယက်

Must read

မြိုင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး၊ အုတ်ဖိုတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၂၀ လုယက်

ရန်ကုန်၊ မတ် ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင် ရောက် စီးနင်းပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် ခန့်က မြိုင်မြို့နယ် တောင်ပိုင်း၊ သရက်ကန်ရွာ ပျူစောထီး စခန်းမှ စစ်သားနှင့် ပျူစောထီး ၃၀ ခန့်သည် နှမ်းဆီ ကန် ကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းပြီး သေနတ်များ ရမ်းသမ်း ပစ်ခတ် ခဲ့ကာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲကင်းစခန်းမှ စစ်သားများက ကံကြီး ရွာသား ကိုစိုးမင်းဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ငွေကျပ် သိန်း ၂၀ ယူ ဆောင် သွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာ ရဲကင်းစခန်း မှ စစ်သားများက ဇီးကုန်းမြို့နယ်၊ ကံကြီးရွာသား အသက် ၃၀ အရွယ် ကို စိုးမင်းဦး ကို ဝိုင်းရွာ သုဿန်အတွင်း ဖမ်းဆီး ခေါ်ဆောင်သွားကာ သတ်ဖြတ် ပြီး ငွေကျပ် သိန်း ၂၀ ယူဆောင် သွားကြောင်း သိရသည်။

“ကိုစိုးမင်းဦးက အုတ်ဖိုဇာတိမဟုတ်ဘူး ဇီးကုန်းမြို့နယ် ကံကြီးရွာသားပါ။ အရင် က ပဲခူးရိုးမထဲမှာ အလုပ်လုပ်တယ်။ မိန်းမခိုးပြီး အုတ်ဖိုက သူ့ ဦးလေး အိမ်မှာ လာနေရင်း မင်္ဂလာဆောင်အတွက် အုတ်ဖို မြို့ပေါ်ကို ဈေးတက် ဝယ် ရင်းနဲ့ ဝိုင်းရွာ ရဲစခန်းထဲကို မှားဝင်မိတာကို PDF က လာထောက်လှမ်း တယ် ဆိုပြီး စစ်ခွေးတွေက ဖမ်းဆီးသတ်ဖြတ်လိုက်တာ သူမင်္ဂလာဆောင်အ တွက် ပစ္စည်းတွေဝယ်ဖို့ ပါလာတဲ့ သိန်း ၂၀ ကိုလည်း စစ်ခွေးတွေက ယူသွား တယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင် ရောက် စီးနင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article