28 C
Yangon

Breaking News- ထန်တလန်၊ ခွါဖိုရွာကို စစ်တပ်က အကြောင်းမဲ့ တိုက်လေ ယာဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

Must read

Breaking News- ထန်တလန်၊ ခွါဖိုရွာကို စစ်တပ်က အကြောင်းမဲ့ တိုက်လေ ယာဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

■ သေဆုံးသူများတွင် သားသည် မိခင် ၂ ဦးနှင့်ကလေးငယ် ၂ ဦးပါဝင်

ရန်ကုန်၊ မတ် ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွါဖိုရွာကို စစ်တပ်ကက အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲသောကြောင့် ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထန်တလန်မြို့နယ်၊ ခွါဖိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက် လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် အရပ်သား ပြည်သူ ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ၁၀ ဦးတွင် ခရစ်ယာန် ဘာသာရေးဆရာ Mr. Za Mawng ၏ သမီး ၂ ဦး၊ မြေး ၂ ဦးလည်း ပါဝင် သေ ဆုံး သွားကြောင်း သိရှိရသည်။

” ကနဦး သိရတဲ့ သတင်းတွေအရ ပြည်သူ ၁၀ ဦးသေဆုံး၊ ၂၀ ဒဏ်ရာရ လို့ သိရတယ်။ တိုက်ပွဲမရှိဘဲ ပြည်သူတွေပဲရှိတဲ့ ကျေးရွာကို ဗုံးကျဲတာဖြစ် ပါတယ်။ ရွာက ထန်တလန်မြို့ကနေ ၅ မိုင်လောက်ဘဲဝေးတယ်။ ဖုန်းနဲ့ အင်တာ နက်လိုင်းဖြတ်တောက်ထားလို့ ဆက်သွယ်ဖို့အခက်အခဲဖြစ်နေတယ်” ဟု ဒေသ သတင်းရင်းမြစ်The Hakha Post မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားသူများ ပါဝင်သော မိခင် ၂ ဦးနှင့် ကလေး ၂ ဦး၊ အမျိုးသမီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article