29 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ချီးမွန်းခန်းဖွင့်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ကို ယူကရိန်းမှာ ကလေးသူငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ်။

– မကွေးတိုင်း၊ မြိုင်မြို့နယ် Well Two ရေနံမြေက စစ်တပ်စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ဦး သေသွားပြီး PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်မှ တပ်ရင်းမှူး ကိုဥက္ကာက ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၂ လုံး မီးလောင်ခဲ့တဲ့အပြင် ပြည်သူ ၇ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

– ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ် ပွားပြီး စစ်သား ၄၀ ဦးကျော် သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article