36 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မတ်လ ၂ ရက်နေ့က ဆက်ကြေးတောင်းပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေသွားသလို ၊ စစ်ကူလာတဲ့ စစ်ကားကိုပါ ထပ်မံတိုက်ခိုက်မှုအတွင်း ကား ၁ စီးနဲ့ သေနတ် ၁ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်က မုံရွာ-မန္တလေးလမ်းပေါ်မှာ မုံရွာကနေ နိုင်ငံရေးအကျဉ်းသားတွေ ပို့ဆောင်ဖို့ လာရောက်ကြိုဆိုတဲ့ အကြမ်းဖက်စစ်ကောင် စီကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ဦး သေသွားတယ်လို့ People’s Army to Fight Dictatorship – PAFD ရဲ့ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။

– စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့ပေါ်မှာရှိတဲ့ ဂိတ်သစ်ဈေးကို အကြမ်းဖက် စစ်ကောင်စီတပ်က မတ်လ ၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ၊ ဆိုင်ခန်းတွေနဲ့ ရွှေဆိုင်တွေက ပိုက်ဆံ နဲ့ လက်ဝတ်ရတနာ တချို့ ကိုပါ ခိုးယူသွားတဲ့ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article