34 C
Yangon

တနင်္သာရီ၊ လယ်သစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ကျေးရွာနေ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

တနင်္သာရီ၊ လယ်သစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ကျေးရွာနေ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ကျေးရွာနေ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများထံမှ သိရသည်။

သင်္ကြန်ကာလအတွင်းမှ စတင်၍ ဇဝဲရွာဘက်မှ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်းကြောင့် ဒေသ ပြည်သူများသည် နီးစပ်ရာ ဥယျာဉ်ခြံနှင့် တောတောင်များထဲတွင် ထွက်ပြေးနေထိုင်နေရ​ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီးများ၏ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လယ်သစ်ကျေးရွာ အနောက်ကမ်းနှင့် အရှေ့ကမ်းရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်သည် လယ်သစ်အနောက်ကမ်းနှင့် ဇဝဲကျေးရွာတို့ကို အကြောင်းမဲ့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် လယ်သစ်ကျေးရွာတွင် နေထိုင်သူ မရှိတော့ဘဲ အလုပ်ကိစ္စရှိမှသာ ခေတ္တ ခဏ ဝင်ရောက်ခြင်းသာ ရှိတော့ကြောင်း သိရသည်။

“ဒီမှာတော့ တိုက်ပွဲကြီးကျယ်တော့ မဖြစ်ဘူး။ စစ်တပ်က မကြာခဏဆိုသလို လက်နက်ကြီးနဲ့ လာပစ်နေတော့ ရွာမှာလူတွေ မနေရဲ ဖြစ်နေတယ်” ဟု လယ်သစ်ကျေးရွာမှ ပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီကြောင့် လယ်သစ်ကျေးရွာရှိ အရှေ့ကမ်းနှင့် အနောက်ကမ်းတို့တွင် ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူ ၂၀၀၀ နီးပါးသည် စစ်ရှောင်စခန်း သီးခြားမရှိသေး၍ နီးစပ်ရာ ဥယျာဉ်ခြံနှင့် တောတောင်များတွင် နေထိုင်ရပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားနပ်ရိက္ခာများ အခက်အခဲ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article