38 C
Yangon

ပြည်သူ ၁၀၀ ကျော်သေဆုံးသော ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် မြန် မာ့ မြေပေါ်မှ အပြီးတိုင် ဖယ်ရှားမည်ဟု NUG ပြော

Must read

ပြည်သူ ၁၀၀ ကျော်သေဆုံးသော ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် မြန် မာ့ မြေပေါ်မှ အပြီးတိုင် ဖယ်ရှားမည်ဟု NUG ပြော

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၀၀ ကျော်သေဆုံးသော ပဇီ ကြီး ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန် ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် မြန် မာ့ မြေပေါ်မှ အပြီးတိုင် ဖယ် ရှားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ၂၀၂၃ ခုနှစ်၊ဧပြီလ ၁၁ ရက်၊ ယနေ့ နံနက်ပိုင်းတွင် အာဏာ သိမ်း အကြမ်း ဖက် စစ် တပ်က လေကြောင်းတိုက်ခိုက် ခဲ့သည့်အတွက် ကလေးငယ်များ နှင့်ကိုယ် ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရကြောင်း၊

အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဝမ်းနည်း ကြေ ကွဲရ ကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစု များနှင့်တသား တည်း အတူတကွရှိနေပါကြောင်း အထူး ဖော်ပြကြောင်း NUG ကြေညာချက်တွင် ရေးသားထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခု ဖြစ်ရပ်က ထပ်မံသက်သေပြနေသလို စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ဖြစ်ကြောင်း၊ ဤအကြမ်းဖက်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးသည် စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသား မျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများ ဖြစ်ကြောင်း NUG က ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ် အေး ချမ်း မှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထိခိုက် ဆုံးရှုံးရသည့် လူထု ဘဝ များအချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာ ရှင် စနစ် အမြစ် ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည့် အကြောင်း အခိုင်အမာ ကတိ ပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article