28 C
Yangon

ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း KhinU Specialforce Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် ရေဦးမြို့၊ အောင်ဆန်း အ.မ.က ကျောင်းမှ အကြမ်းဖက် စစ်သား ၆၀ ကျော်သည် မူးမြစ် ကူးတံတား အရှေ့ဘက်ရှိ ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့၌ အထိုင်ချထားသော စစ်သား၊ ပျူစောထီးများနှင့် ပူးပေါင်းပြီး အင်းပတ်ကွေ့ ဈေးတန်းတောင်ဘက် သို့ ခြေလျင်စစ်ကြောင်း ထိုးလာစဥ် KSO တပ်ဖွဲ့ မှ ပဒေသာမိုင်း ၂ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တိုက်မိုင်းများပါ အသုံးပြု တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပဒေသာ ၂ တွဲနဲ့ ဖောက်ခွဲတိုက်ခိုက်တာ စစ်ခွေး ၇ ကောင်သေတယ်။ ကျန်ရှိ စစ်ခွေးတွေက ဘေးနားဝန်းကျင် ချုံတွေကို ဝင်ပုန်းတုန်း တိုက်မိုင်းတွေနဲ့ပါ ဖောက်ခွဲ တိုက်ခိုက်လို့ စစ်ခွေးတွေ ထပ်မံဆုံးတာတွေ ရှိနိင်တယ်။ သေဆုံးစစ်သား အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ သူတွေကို Custom ကား ၁ စီးနဲ့ ရေးဦးမြို့ကို လာသယ် သွားတယ်လို့ သိရတယ်” ဟု KhinU Specialforce Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ရေဦးမြို့နယ် တိုင်းရင်းဆေးရုံ၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အင်းပတ်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးခဲ့ပြီး အသက် ၁၂ နှစ်ရွယ် ကလေးငယ် အပါအဝင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် အင်းပတ်ကျေးရွာ အတွင်း နှင့် ကျေးရွာ စာသင်ကျောင်းများကို ဝင်ရောက်ရှာဖွေမွှေနှောက်သွားခဲ့ပြီး နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ရေဦးမြို့နှင့် အင်းပတ်ကွေ့ အထိုင်ချစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း KhinU Specialforce Organization_KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article