29 C
Yangon

သရက်ချောင်း၊ ဝဲရစ်ရွာမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

သရက်ချောင်း၊ ဝဲရစ်ရွာမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး အင်အားစုများ ထံမှ သိရသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

” ဒီနေ့ နံနက် ပိုင်းက ဝဲရစ်ရွာက ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၃ ကောင်သေ ၅ ကောင် ထိခိုက် ဒဏ်ရာရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများပါ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စုံစင်ဖျားရွာရှိ မီးသတ်ရုံး၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article