38 C
Yangon

ဆောမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

Must read

ဆောမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ ဆောမြို့နယ်တွင် အကြမ်း စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ဂန့်ဂေါ ခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့တွင် ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ အနိမ့်ရွာမှ ထွက်လာသည့် အင်အား ၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” တိုက်ပွဲက မနေ့က ဖြစ်တာပါ။ ဒီနေ့မှ စစ်ခွေး သေစာရင်း သိရတယ်။ စစ်ခွေး ၄ ကောင်သေတယ်။ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိတယ်” ဟု ဂန့်ဂေါ ခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါ ခရိုင် အမှတ် ၅ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း၊ အမှတ် ၈ တပ်ရင်း၊ အမှတ် ၉ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း၊ အမှတ် ၁၃ တပ်ရင်း၊ ဆော PDF ၂ YRPA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article