29 C
Yangon

အမေရိကန်၊ မေရီလန်းမြို့တွင် တော်လှန်သင်္ကြန် အငြိမ့်နှင့် နွေဦးတော်လှန် ရေး ရန်ပုံငွေရှာပွဲ ပြုလုပ်၊ ရန်ပုံငွေများကို မြေပြင် PDF များကို ထောက်ပံ့မည်

Must read

အမေရိကန်၊ မေရီလန်းမြို့တွင် တော်လှန်သင်္ကြန် အငြိမ့်နှင့် နွေဦးတော်လှန် ရေး ရန်ပုံငွေရှာပွဲ ပြုလုပ်၊ ရန်ပုံငွေများကို မြေပြင် PDF များကို ထောက်ပံ့မည်

ရန်ကုန်၊ ဧပြီ ၃၀

အမေရိကန်ပြည်ထောင်စု၊ မေရီလန်း ပြည်နယ်တွင် ယနေ့ တော်လှန်သင်္ကြန် အငြိမ့်နှင့် နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲ ပြုလုပ်ကြောင်း သိရှိရသည်။

တော်လှန်သင်္ကြန် အငြိမ့်ပွဲကို DMV (DC, Maryland and Virginia) တဝှမ်း တွင် နှစ်ပေါင်းများစွာ အတွဲညီခဲ့ကြသော လူရွှင်တော်ကြီး ၄ ဦးက ခေတ်နှင့် ညီသည့် ဟာသခွင်များနှင့် အတူ အကကောင်းသည့် New York မှ ဒီမို မင်းသ မီး လေးများ၏ အကအလှများနှင့် သင်္ကြန် ယိမ်းများကို ထည့်သွင်း ဖျော်ဖြေ ကြောင်း သိရသည်။

အခမ်းအနားတွင် ကံစမ်းမဲ လက်မှတ်များကို ဖွင့်လှစ် ရောင်းချခဲ့ပြီး ရရှိသည့် ရန်ပုံငွေ အားလုံးကို လိုအပ်နေသည့် မြေပြင်တော်လှန်ရေး အဖွဲ့များကို တိုက်ရိုက် ပေးပို့သွားမည် ဖြစ်​ကြောင်း၊ အစား အသောက် ကြိုက်နှစ် သက်သူများ အတွက် ပွဲမစခင် ညနေ ၄ နာရီကစတင်ပြီး အစားအသောက်များ ရောင်းချပေးခဲ့ကြောင်း၊ PDF တပ်ဖွဲ့များ၏ အမှတ်တရ ပစ္စည်းများကိုလည်း လေလံတင်သည့် အစီအစဥ်လည်း ပါရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article