30.5 C
Yangon

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တော် ခန်းမ ရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

Must read

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တော် ခန်းမ ရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၃၀

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တော် ခန်းမ ရှေ့တွင် ဧပြီလ ၂၉ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချီတက် ဆန္ဒပြပွဲကို အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း ကယ်လီဖိုးနီးယား အခြေစိုက် “မြန်မာပြည် လွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီ (မြောက်ပိုင်း ကယ်လီဖိုးနီးယား)” Free Burma Action Committee-Northern California ၏ အကြိမ် ၁၀၀ မြောက် (ရက်သတ္တပတ်ပေါင်း ၁၀၀) စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်ပြီး မပန်ဆယ်လိုနှင့် တိုင်းရင်းသား ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Free Burma Action Committee (FBAC) အနေဖြင့် မြန်မာအကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနေ့မှ စ၍ အပတ်စဥ် စနေ နေ့တိုင်း ပြည်သူ့ ဆန္ဒပြပွဲများကို မြန်မာ့မြေပေါ်မှ စစ်အာဏာရှင် စနစ်အပြီးအပိုင် အဆုံးသတ်ရန်၊ လွတ်လပ်ခြင်း ချစ်ကြည်ခြင်း ညီမျှခြင်း စသည့် ဒီမိုကရေစီ အခြေခံသဘောတရားများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအခြေခံ စစ်မှန်တဲ့ဖယ်ဒရယ်စနစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်၊ ပြည်တွင်း မှ အသက်သွေးချွေးတို့ ဖြင့် နွေဦးတော်လှန်းရေးဆင်နွဲနေသူများ နှင့် တသွေးတည်း တသားတည်း ရှိကြောင်းပြသနိုင်ရန်၊ တော်လှန်ရေး၏ ဦးဆောင်ကဏ္ဍမှ တာဝန်ယူနေသော အမျိုးသားညီညွတ်ရေး အစိုးရအား ထောက်ခံလျက်ရှိကြောင်းပြသရန်နှင့် အထူးသဖြင့် ဖိနှိပ်ညှင်းဆဲ သတ်ဖြတ်ရက်စက်မှုများကြား မှ ယနေ့တိုင် သပိတ်တိုက်ပွဲ ဆင်နွဲနေကြသော ပြည်တွင်း သပိတ်တိုက်ပွဲ ဝင်သူများကို အပြည့်အဝ အားပေးထောက်ခံ ကြောင်းပြသရန် စသည့် အချက်များစွာ ဦးတည်ချက်ဖြင့် အပတ်စဥ် သပိတ် တိုက်ပွဲများ ဆင်နွှဲနေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article