38 C
Yangon

၁၀ တန်းကျောင်းသား ကိုအောင်ချမ်းမြေ့ကို စစ်တပ်က တသက်တကျွန်းနှင့် ထောင်ဒဏ် ၁၈ နှစ် အမိန့်ချမှတ်

Must read

၁၀ တန်းကျောင်းသား ကိုအောင်ချမ်းမြေ့ကို စစ်တပ်က တသက်တကျွန်းနှင့် ထောင်ဒဏ် ၁၈ နှစ် အမိန့်ချမှတ်

ရန်ကုန်၊ ဧပြီ ၃၀

၁၀ တန်းကျောင်းသား ကိုအောင်ချမ်းမြေ့ကို အကြမ်းဖက် စစ်တပ်က တသက်တကျွန်းနှင့် ထောင်ဒဏ် ၁၈ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ကိုအောင်ချမ်းမြေ့ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပုဒ်မ ၅၀ (က) ၅၄ ဖြင့် သေဒဏ် အမိန့်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် သေဒဏ် အမိန့်အား တသက်တကျွန်း အဖြစ် ပြောင်းလဲ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် ၃ နှစ်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပုဒ်မ ၂၀၁ (က) အတွက် ထောင်ဒဏ် ၃ နှစ်နှင့် ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ပုဒ်မ ၅၀ (ည) အတွက် ထောင်ဒဏ် ၁၂ နှစ် ထပ်မံ ချမှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ကိုအောင်ချမ်းမြေ့သည် တသက်တကျွန်းနှင့် ထောင်ဒဏ် ၁၈ နှစ် အပြီးသတ် အမိန့်ချမှတ်ခံထားရ​ကြောင်း၊ ကိုအောင်ချမ်းမြေ့ကို အကြမ်းဖက် စစ်တပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေအိမ်၌ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

” ကိုအောင်ချမ်းမြေ့ကို အခု အပြီးသတ် အမိန့်ချလိုက်ပြီလို့ သိရတယ်။ တသက်တကျွန်းနဲ့ ထောင်ဒဏ် ၁၈ နှစ် ချလိုက်တယ်လို့သိရတယ်။ အင်းစိန် စစ်ခုံရုံးက အမိန့်ချလိုက်တာ” ဟု ကိုအောင်ချမ်းမြေ့၏ မိတ်ဆွေ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article