30 C
Yangon

ယင်းမာပင်-ဆားလင်းကြီး မြို့နယ်အစပ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ယင်းမာပင်-ဆားလင်းကြီး မြို့နယ်အစပ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး မြို့နယ်အစပ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့ နံနက် ပိုင်းက စတင်ကာ မုံရွာမြို့ နမခ မှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ယင်းမာပင်-ဆားလင်းကြီး မြို့နယ်အစပ်ရှိ ဂုဏ်တောရွာ၊ ရွာသာရွာ၊ ကျေးစာကျရွာ၊ ပေကုန်းရွာ၊ ဒုန်းတောရွာနှင့် ကံကုန်းရွာတို့ကို စီးနင်းနေပြီး ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်ခွေးတွေ စစ်ကြောင်းထိုး စီးနင်းနေတာ ကျေးရွာ ၆ ရွာက ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article