30 C
Yangon

ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲ ကျင်းပနေသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲ ကျင်းပနေသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၁

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲ ကျင်းပနေသည့် ရာအိမ်မှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေး ထံမှ သိရသည်။

မတ်လ ၃၁ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် ၁၁၃လမ်း ၄၆လမ်းနှင့် ၄၇လမ်းကြားတွင်နေထိုင်သည့် ရာအိမ်မှူး ဆန်းအောင် (ခ) စမုတ်သည် နေအိမ်၌ မွေးနေ့ပွဲ ကျင်းပနေစဥ် အောင်စည်တော် စစ်ဆင်ရေးမှ ရဲဘော်များက သေနတ်ဖြင့် ၇ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှုးဆန်းအောင် (ခ) စမုတ် သည် လူမိုက်များ မွေးကာ ပြည်သူပိုင် အိုးအိမ်များအား ဆဲဆိုကာ မိုက်ရိုင်းစွာ‌ ဖျက်ဆီး‌ခြင်း၊ ပြည်သူများအား လက်နက်ပြကာ ခြိမ်းခြောက် ဖယ်ရှားစေခြင်း စစ်တပ် အလိုကျ အုပ်ချုပ်နေခြင်း အတွက် အောင်စည်တော် ရဲဘော်များမှ ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာအိမ်မှူးထံမှ Glock Pistol ပွိင့် ၃၈၀ သေနတ် တစ်လက်၊ ပွိင့် ၃၈စ ကျည် ၂၂ တောင့်၊ ဖုန်းနှစ်လုံး နှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အောင်စည်တော် စစ်ဆင်ရေးထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article