30 C
Yangon

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းအနီးရှိ အမှတ် ၂ စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်မှု ရဲ ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းအနီးရှိ အမှတ် ၂ စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်မှု ရဲ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝဝန်းအနီးရှိ အမှတ် ၂ စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း God’s Hand Force ရန်ကုန်မြို့ပြပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က အောင်မင်္ဂလာအဝေးပြေးအပြင်တွင် ဂိတ်ဖွင့်ထားပြီးခရီးသွားပြည်သူများကို ဒုက္ခပေးစစ်ဆေးနေသည့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝင်းအပြင်ဘက်က ဂိတ်ပါ၊ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲခဲ့တာ၊ အဲဒီနားမှာတော့ နှစ်ဖက်ပိတ်စစ်ဆေးခဲ့တယ်လို့ သတင်းရတယ်၊ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်၊ ရဲနှစ်ဦးဒဏ်ရာရတယ်၊ တစ်ဦးအပြင်းအထန်နဲ့ တစ်ဦးခြေထောက်ထိတယ်လို့ သိရတယ်” ဟု God’s Hand Force ရန်ကုန်မြို့ပြပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုသည် Yangon UG Association (YUA) “အသက်လျော်ကြေး စစ်ဆင်ရေး” ၏ တတိယမြောက် စစ်ဆင်ရေးဖြစ်ပြီး အောင်မင်္ဂလာစစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှု ၁၅ ကြိမ်နှင့် ပြည် သူ့ ကမ်းလက် စစ်ဆင် ရေးအဖြစ် တိုက်ခိုက်မှုပေါင်း ၁၀ လုပ်ဆောင်ခဲ့ပြီးဖြစ် ကြောင်း၊ မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်သော သင်္ကြန်ပွဲတွင် မပါဝင်ပဲ ပြည်သူကို ကိုယ်ချင်းစာပြီး မျက်နှာမူပေးကြရန် God’s Hand Force ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article