30 C
Yangon

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရားထွက်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးတင်ရှို့နေ

Must read

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရားထွက်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးတင်ရှို့နေ

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရားထွက်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကြည်ရွာနှင့် ဘုရားထွက်ရွာကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို သယ်ဆောင်ပြီး ရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” တိုက်ပွဲက မနေ့တည်းကဖြစ်နေတာ စစ်ခွေးတွေ အသေများတယ်။ မနေ့ကလည်း Mi 35 ၁ စီးနဲ့ လာပစ်တယ်။ အခုလည်း ထပ်ပစ်နေတယ်။ အခုက Mi 17 ၁ စီးလည်းပါတယ်။ စစ်ခွေးအလောင်းတွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို ရဟတ်ယာဥ်နဲ့သယ်နေတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူ သယ်ဆောင်နေတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article