30 C
Yangon

မြဝတီမြို့နယ်၌ တစ်ပတ်ကြာ တိုက်ပွဲများ အတွင်း စစ်တပ်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၂၀ ဦးသေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိ

Must read

မြဝတီမြို့နယ်၌ တစ်ပတ်ကြာ တိုက်ပွဲများ အတွင်း စစ်တပ်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၂၀ ဦးသေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ တစ်ပတ်ကြာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ၂ ဦးအပါ အဝင် ၂၀ ဦးသေ ဆုံးပြီး ဒုရဲမှူး ၁ ဦး၊ BGF ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းမှ ထုတ်ပြန်သည်။

မတ်လ ၂၅ ရက် နံနက် ၅ နာရီခွဲခန့်က မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင်ရဲစခန်း၊ အကြမ်းဖက် စစ်တပ် တပ်ရင်း ၂၇၅ နှင့် ၃၅၅ တို့အား တပြိုင်တည်းဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း တပ်ရင်း ၂၇၅ တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း၊ အလားတူ အကြမ်းဖက်စစ်တပ်လက်အောက် ခံ ရဲတပ်ဖွဲ့မှ ဒုရဲမှူး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၂ ဦး၊ တပ်သား ၁ ဦးနှင့် ဒုတပ်ကြပ်၏ ဇနီး ၁ ဦး၊ စုစုပေါင်း ၈ ဦးကို အရှမ်း မိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ရဲဘော် ၂ ဦး ဒဏ်ရာရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်မှ အသုံးပြုသော ပစ္စတို ၁ လက်၊ AK Rifle ၇ လက်၊ AK စက်လက် ၁ လက်၊ G3 ၇ လက်၊ UZI ၁ လက် ၊ AKကျည် ၁၉၆ တောင့်၊ G3 ကျည် ၃၈၅ တောင့်၊ 9mm ၁၀၄ တောင့် အပြင် အခြား စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်း ဆည်းရရှိခဲ့သည်ဟု ဆိုသည်။

မြေပြင်တွင် အရေးနိမ့်သော အကြမ်းဖက်စစ်တပ်မှ လေ ကြောင်းပစ်ကူ ၅ ကြိမ်၊ လက်နက်ကြီး ပစ်ကူအ ကြိမ်ရေ ၅၀ အထက် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦး ထိ ခိုက်ဒဏ်ရာ ရရှိကာ ဘုရား ကျောင်း၊ ပြည်သူပိုင် နေအိမ် ၅ လုံး၊ စပါးကျီ ၂ လုံး၊ ဆိုင်ကယ် ၁ စီး၊ ထွေလာ ၁ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ပြည်သူများနေထိုင်ရာ မဲကနယ်ရွာ၊ ရွှေမြစန္ဒီမြို့သစ်၊ အိမ် ၅၀ ရပ်ကွက်အား လက်နက်ကြီးဖြင့် အကြိမ်ရေ (၃၀)ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၂ လုံး၊ ဆိုင်ကယ် ၁ စီး ပျက်စီးကာ ဝက် ၁ ကောင်သေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းတပ်ဖွဲ့များမှ Drone ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်နှင့် BGF တပ်ဖွဲ့တို့မှ မဲကနယ်ရွာအတွင်း လက်နက်ကြီးဖြင့် ၁၈ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မဲကနယ်ဘုန်းကြီးကျောင်း မုခ်ဦး ပျက်စီးခဲ့သဖြင့် ယင်းအကြမ်းဖက်စစ်သားများအား ဒရုန်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် လည်း ရွှေမြစန္ဒီမြို့သစ်အား အကြမ်းဖက်စစ်တပ်၊ BGF တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ၄၈ ကြိမ် ပစ်ခတ် ခဲ့ရာ ပြည်သူနေအိမ် ၁၃ လုံးထိမှန်ပြီး ၁ လုံး မီးလောင်ပြာကျခဲ့သဖြင့် Drone နှင့် Sniper ပစ်ခတ် တိုက်ခိုက်ခဲ့ရာ BGF ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်မှ လက် နက်ကြီး အလုံး ၂၀ ကျော်ပစ်ခတ်နေသဖြင့် စနိုက်ပါ၊ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး၊ OI ၁ ဦး၊ သေဆုံးပြီး အ ခြားအဆင့် ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း၊ မတ်လ ၃၀ ရက်နေ့တွင် သင်္ကန်းညီနောင်ရဲစခန်းအား Sniper ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသော နယ်မြေ အတွင်း ကျွံလာသည့် BGF ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက် နေ့တွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး အကြိမ်ရေ ၁၃၅ ကြိမ် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး ဒဏ်ရာရရှိပြီး ပြည်သူ့နေအိမ် ၉ လုံးထိခိုက်ပျက်စီး အများ အပြား မီးလောင်ပြာခဲ့ကြောင်း၊ ပြည် သူပိုင် နွား ၃ ကောင်သေဆုံးခဲ့ကြောင်း၊ ထို‌ကြောင့် တန်ပြန်တိုက်ခိုက်ခဲ့ရာ BGF တပ်သား ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ် ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article