37 C
Yangon

NUG အပါအဝင် နိုင်ငံတစ်ဝန်း တော်လှန်ရေးအဖွဲ့အစည်းများက ၁၄ နှစ် မြောက် ရက္ခိုင့်တပ်တော်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေးတွင် AA နှင့် အတူ အဆုံးအထိ တိုက်ပွဲဝင်မည်ဟု ကတိပြု

Must read

NUG အပါအဝင် နိုင်ငံတစ်ဝန်း တော်လှန်ရေးအဖွဲ့အစည်းများက ၁၄ နှစ် မြောက် ရက္ခိုင့်တပ်တော်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေးတွင် AA နှင့် အတူ အဆုံးအထိ တိုက်ပွဲဝင်မည်ဟု ကတိပြု

ရန်ကုန်၊ ဧပြီ ၁၀

အမျိုးသားညီညွတ်ရေးအစိုးရ NGU ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံတစ်ဝန်း တော်လှန်ရေးအဖွဲ့အစည်းများက ယနေ့ ကျရောက်သည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အထိမ်းအမှတ် သဝဏ်လွှာများပေးပို့ကြပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် AA နှင့်အတူ လက်တွဲပါဝင်သွား မည်ဟု ကတိပြုပြောဆိုကြကြောင်း သိရှိရသည်။

ဧပြီလ ၁၀ ရက်နေ့ ကျရောက်သည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့တွင် NUG အစိုးရက အချက် ၅ ချက်ပါ သဝဏ်လွှာပေးပို့ခဲ့ပြီး အဓိကအားဖြင့် ယနေ့ တိုင်းပြည်တဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲ လျက်ရှိသည့် နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်တွင် ရက္ခိုင့် တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနှင့်တကွ အတူရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေကြောင်း၊ တော်လှန်ရေးအင်အားစု များကို လည်း လက်တွဲကူညီ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယခုအချိန်အခါတွင် ဘုံရန်သူ စစ် ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် မိမိတို့အားလုံးအတူတကွ စုစည်း ညီညွတ်စွာဖြင့် ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ပြီး မည်ဟု တိုက်တွန်း ပြောဆိုထားသည်။

အလားတူ တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ညီနောင်မဟာမိတ် သုံးဖွဲ့ အနေဖြင့် စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်း များနှင့်အတူတကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများဝင်ကြရမည်ဖြစ်ကြောင်း TNLA နှင့် MNDAA က AA tအဖွဲ့ထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့သည် အာဏာလု မြန်မာ့စစ်ကောင်စီက အာဏာ မသိမ်း ပိုက်မီ မြန်မာနိုင်ငံ၌ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများ အနည်း အကျဉ်းအားဖြင့် ရှိနေသည့် အခြေအနေအောက်၌ပင် အာဏာလု မြန်မာ့တပ်မ တော်နှင့် မြန်မာအစိုးရ၏ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းမှုတို့ကို ခုခံကာကွယ်ခဲ့ကြရသူများဖြစ်ကြောင်း၊ ယခုအခါ မြန်မာ့စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ပြည်မနှင့် တောင်တန်း မခွဲခြား တော့ဘဲ တစ် နိုင်ငံလုံးရှိ ပြည်သူလူထုနှင့် ရပ်ရွာများအား မီးလောင်တိုက်သွင်း၍ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အကျဉ်းချထားခြင်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှင့် လူမှုဘ၀ အား လုံး ဖျက်ဆီးခံရကာ မသေချာ မရေရာမှုများ ပြည့်နှက်နေသော အခြေ အနေတွင် ညီနောင် ၃ဖွဲ့ သည် အဆိုပါအခြေအနေတို့မှ လွတ်မြောက်နိုင်ရေး စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများနှင့် အတူ တကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများ ဝင်သွားရမည်ဖြစ်ကြောင်း AA ထံ သဝဏ်လွှာပေးပို့ခဲ့သည်။

အလားတူ မကွေးတိုင်း အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် PRA-Magway ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက် ရေး တပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးအင်အားစု နှင့် CDF (Asho) တိ့်ကလည်း AA နှင့်အတူ စစ်အာဏာရှင် တော်လှန်ရေး ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ကတိပြုကြသည်။

ထို့ပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်း AA နှင့်အတူ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ ကျဆုံးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူ ညီမျှရေး အပြည့်အ၀ အာမခံနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စု သစ်တည် ဆောက်ရေးတို့အတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article