29.6 C
Yangon

မြိုင်တွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

မြိုင်တွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့တွင် နံနက် ၁၀ နာရီခန့်တွင် မြိုင်မြို့နယ်၊ သံပုရာခြံရွာနှင့် ထန်းဘုန်းတောရွာ အကြားတွင် ကင်းပုန်းဝပ်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြိုင်မှ ကန်နီရွာသို့ ထွက်ခွာလာသည့် စစ်သား ၇၀ ဦးပါ စစ်ကြောင်းကို ညောင်ပင်ရွာနှင့် သံပုရာခြံရွာ အကြားတွင် ပေပါမိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးသွားကြောင်း၊ အဆိုပါ သေဆုံးသွားသော စစ်သား အလောင်းများကို လာပြန်ကောက်စဥ် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ပေပါမိုင်း ၁ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“အဲဒီ စစ်ကြောင်းက အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသွားလို့ အချို့ နေရာများမှာ တိုက်ခိုက်ဖို့ အခွင့် မသာခဲ့ဘူး။ ပြည်သူတွေ အနေနဲ့ စစ်ခွေးတွေနဲ့ ဝေးရာကို ကြိုတင်ရှောင်ကြဖို့ သတိ ပေးအပ်ပါတယ်။ ၂ ရက်ဆက် တိုက်ခိုက်မှုမှာ စစ်ခွေး ၆ ကောင်သေဆုံးပါတယ်” ဟု မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဗိုလ်လင်းမြွေအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article