30 C
Yangon

ဗာရ်းစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ဗိုလ်ကြီးတစ်ဦးပါအဝင် ၁၄ ဦး သေဆုံးပြီး စစ်သား ၁၁ ဦးအရှင်ဖမ်းမိ၊ သေနတ် ၁၉ လက်နှင့်အတူ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ဗာရ်းစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ဗိုလ်ကြီးတစ်ဦးပါအဝင် ၁၄ ဦး သေဆုံးပြီး စစ်သား ၁၁ ဦးအရှင်ဖမ်းမိ၊ သေနတ် ၁၉ လက်နှင့်အတူ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၀

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗာရ်းစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ဗိုလ် ကြီးတစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၄ ဦးသေဆုံးပြီး ၁၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၁၉ လက်နှင့်အတူ ခဲယမ်းအ မြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း CNDF က ထုတ်ပြန် သည်။

ယနေ့ ဧပြီလ ၁၀ ရက်​နေ့ နံနက် ၅ နာရီခွဲခန့်က ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ ဗားရ်ကျေးရွာရှိ စစ်တပ်အထိုင်ချစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲခန့်အကြာ စခန်းသိမ်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၁ ဦး တိုက်ပွဲအတွင်းသေဆုံးကာ ၁၄ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ဖမ်းမိခဲ့သော စစ်သုံ့ပန်း ၁၄ ဦးကို ခေါ်ဆောင်လာစဉ် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ထပ်မံသေဆုံးသွားကြောင်း သိရသည်။

“စစ်ခွေးတွေက အထိနာလို့တံတားဦးလေဆိပ်ကနေ တိုက်လေ ယာဉ် တစ်စီး၊ရဟတ်ယာဉ် တစ်စီးနဲ့ လာပစ်တယ်၊ တိုက်လေ ယာဉ် ဗားကျေးရွာဝန်းကျင်ကို ဗုံး ၆ လုံးကျဲချခဲ့တာအပြင် ဝေဘူလမြို့ပေါ်ကို ဗုံး ၂ လုံးကြဲခဲ့လို့ ပြည်သူအများအပြားသေ ဆုံးတယ်လို့ သတင်းရတယ်၊သူတို့စခန်းသိမ်းခံလိုက်ရလို့ ပြည်သူတွေကို လှည့်ပြီးဗုံးကျဲသွားတာလို့ ယူဆပါတယ်” ဟု ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဗားရ်စခန်း သိမ်းပိုက်တိုက်ပွဲအတွင်းမှ အကြမ်းဖက်စစ်သားများအသုံးပြုသော MA 1 သေနတ် ၃ လက်၊ MA 2 သေနတ် ၁ လက်၊ MA3 သေနတ် ၂ လက်၊ MA4 သေနတ် ၁ လက်၊ G3 သေနတ် ၁၂ လက်၊ MA ကျည် ဘောက် အခု ၂၀ ၊ ၆၀ မမ စိန်ပြောင်း ၂ ခု၊ ၆၀ မမကျည် ၅၈)တောင့်၊ အီနာဂါဗုံးသီး ၈ လုံး၊ G3 ကျည်ဘောက် ၃၇ ခု၊ တိုက်မိုင်း ၁၀ လုံး၊ ၄၀ မမ ကျည် ၃၃ ခု၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်းအလုံး ၅၀ ၊ နင်းမိုင်း ၅၀၀ ၊ MA ကျည် ၁၀၀၀ နှင့် G3 ကျည် ၂၅၀၀ ကျော်တို့ကို သိမ်းဆည်းကာ စခန်းကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အရပ်သား ပြည်သူတစ် ဦးနှင့် CNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article