36 C
Yangon

ဆောမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ဆောမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ ဆောမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၃ ဦး ထက်မနည်း သေဆုံးကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း ၉ တပ်ခွဲ ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့တွင် စတင်ကာ အကြမ်းဖက် စစ်တပ်က အင်အား ၁၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၂ ​ခွဲကာ ကျောက်ထု PDF တပ်ရင်း ၉ တပ်ခွဲ ၁ ရှိရာ နေရာကို စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကျောက်ထု PDF တပ်ရင်း ၉ တပ်ခွဲ ၁ မှတပ်ခွဲမှုး ဦးဆောင်ကာ CDF မင်းတပ် ၊ YDF စသည့် မဟာမိတ်ရဲဘော်များနှင့် အကြမ်းဖက် စစ်တပ်မှ စစ်သားများ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား အလောင်းများကို စစ်ဘေးရှောင်စခန်း အတွင်းထည့်ကာ ည ၇ နာရီခန့်တွင် မီးရှို့သဂြိုလ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ကျောက်ထုအမြှောက်တပ် ၃၆၈ မှလည်း ၁၂၀ မမ ဗုံးသီးများဖြင့်အကြိမ်ရေ ၃၀ ထက်မနည်း ပစ်ကူတိုက်ခိုက်ခဲ့ပြီး လေကြောင်းဖြင့်ပါ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် အဆိုပါ စစ်ကြောင်းသည် စံကျေးရွာ ရွာဦးဆရာတော်နှင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးကျောက်ထု အမြှောက်တပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။

ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းသည် အင်အား ၇၀ ခန့်ဖြင့် ငါလွန်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာပြီး ငါလွန်း ကျေးရွာတွင် ညအိပ်ပြီးကာ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်း၌ သရက်ချဥ် ကျေးရွာမှ တစ်ဆင့် မိအယ်ကျေးရွာသို့ ရောက်ရှိခဲ့​ကြောင်း၊ မိအယ်ကျေးရွာသို့သွားသည့် လမ်းပိုင်းတွင် ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းသည် မိအယ်ကျေးရွာ အနောက်ဘက် ရေရှင်ပြင်သို့ ထပ်မံ အင်အား ဖြည့်တင်းခဲ့ပြီး စစ်ကြောင်း ၂ ကြောင်းဖြင့် ဧပြီလ ၆ ရက်နေ့တွင် နှော်ကျေးရွာ၌ စစ်ကြောင်းပေါင်းကာ နေအိမ် ၁ လုံးကို မီးရှို့ပြီး ကျောက်ထု PDF တပ်ရင်း ၉ တပ်ခွဲ ၁ စခန်းကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့​ကြောင်း၊ အဆိုပါ စစ်ကြောင်းကို ကျောက်ထု PDF တပ်ရင်း (၈/၉)၊ မင်းတပ် CDF၊ YDF မဟာမိတ် ရဲဘော်များနှင့် တပ်ရင်း(၉)မှ တပ်ရင်းမှုးတို့ ဦးဆောင်ကာ မွန်းလွဲ ၂ နာရီ ခန့်ကာ စတင်ကာ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့​ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့​ကြောင်း သိရသည်။

ဧပြီလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ မင်းတပ် ၂၇၄ တပ်မှာ ၁၂၀ မမ များဖြင် အကြိမ်ရေ ၃၀ ခန့်ပစ်ခတ်ခဲ့​ပြီး ကျောက်ထု အမြှောက်တပ် ၃၆၈ မှလည်း ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ည ၁၁ နာရီ ၃၀ မိနစ်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်း ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးနောက် ဧပြီလ ရက်နေ့ တွင် ရှေ့ဆက် မတက်တော့ဘဲ တပ်ပျက်ကာ ဒဏ်ရာရသူများကို ထမ်းခေါ်ပြီး ပြန်လည် ဆုတ်ခွာသွားကာ ဧပြီလ ၁၀ ရက်နေ့တွင်ကျောက်ထုတပ်တွင်းသို့ ပြန်လည် ဝင်ရောက်သွား​​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article