29 C
Yangon

ရေစကြိုမြို့တွင် အခွန်ကောက်ရန်လာသည့် စစ်ကြောင်းကို ပစ်ခတ် တိုက် ခိုက် မှု စစ်သား ၁ ဦးသေဆုံး၊ မင်းကင်း၊ မအူရွာ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့ များက တိုက်ခိုက် သိမ်းပိုက်

Must read

ရေစကြိုမြို့တွင် အခွန်ကောက်ရန်လာသည့် စစ်ကြောင်းကို ပစ်ခတ် တိုက် ခိုက် မှု စစ်သား ၁ ဦးသေဆုံး၊ မင်းကင်း၊ မအူရွာ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့ များက တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ပေါ်တွင် စျေးကောက်ရန် လာသည့် စစ်သားများ ကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့ရှိ အကြမ်းဖက် စစ်တပ် အခြေစိုက်ရာ ရုံးပေါင်းစုံ အရှေ့ဘက် ရွှေတန်ဆာ နံနက်ခင်းဈေးကို ဈေးကောက်ရန် လာသည့် စစ်သား ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အ သင့် စောင့်ဆိုင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ ၎င်းတို့တပ်စွဲထားသော ရုံးပေါင်း စုံထဲသို့ ထွက်ပြေးသွားကြောင်း သိရသည်။

“တိုက်ခိုက်မှု ဖြစ်စဥ်မှာ စစ်ခွေး ၁ ကောင်သေတယ်။ ၁ ကောင်က ခြေသလုံး မှန်ပြီး ကျန် ၁ ကောင်က ပေါင်ထိမှန်သွားတယ်။ ကျွန်တော်တို့ PDF ရဲဘော် တွေ ပြန်လည်ဆုတ်ခွာလာတုန်း စစ်ခွေးတွေက အသင့် လမ်းပိတ် စောင့်ဆိုင်း နေလို့ ထပ်မံပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် အထိ အခိုက် မရှိ ပြန်လည်ဆုတ်ခွာလာ နိုင်ခဲ့တယ်” ဟု Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF၊ Urban Underground Revolution Force (UURF-YSO) နှင့် Myingyan Black Tiger(MBT) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူရွာရှိ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း Freedom Revolution Force အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ တောင် တွင်းဒေသ၊ မအူရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အပြီး အပိုင် စခန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီး စခန်းသည် အခိုင်အမာ တည်ဆောက်ထားပြီး မြေအောက် ဘန်ကာများ ကတုတ်ကျင်းများဖြင့် ခံစစ်ပြင် တည်ဆောက်ထားသော စခန်း ဖြစ်ကြောင်း၊ မဟာမိတ် တပ်ဖွဲ့ဘက်မှ ၄၀ မမ လက်နက်ကြီးများ၊ စနိုက်ပါများ၊ မောင်းပြန်ရိုင်ဖယ်များဖြင့် ၃ နာရီခန့် ကျားထိုး တိုက်ခိုက်ကာ သိမ်းပိုက် နိုင်ခဲ့ ကြောင်း၊ အကြမ်း စစ်တပ်ဘက်မှ Mi 35 ၁ စီးဖြင့် လေကြောင်း ပစ်ကူ ပေးခဲ့သော်လည်း ပျူစောထီးနှင့် စစ်သားများ အထိအခိုက်အကျ အဆုံးများ စွာဖြင့် စခန်းကို စွန့်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) တပ်ဖွဲ့၊ KG အဖွဲ့၊ မင်းကင်းမြို့နယ် PDF၊ မင်းကင်းပကဖ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၉၊ ရွှေဘိုခရိုင် တပ်ရင်း ၂၄ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရေစကြို PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article