30 C
Yangon

ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော် သေဆုံးစေသော စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှု ကုလ အတွင်းရေး မှူးချုပ် ရှုတ်ချ၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ထိတ်လန့် တုန်လှုပ်

Must read

ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော် သေဆုံးစေသော စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှု ကုလ အတွင်းရေး မှူးချုပ် ရှုတ်ချ၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ထိတ်လန့် တုန်လှုပ်

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျောင်းသားကျောင်းသူ ကလေး ငယ်များနှင့် ပြည်သူ ၁၀၀ ကျော်သေဆုံးစေသော စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရှုတ်ချလိုက်ပြီး ကုလ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး Volker Türk ထိတ်လန့် တုန် လှုပ်ကြောင်း ထုတ်ပြန် ပြောဆိုသည်။

ပြည်သူများ သေဆုံးစေခဲ့သည့် တိုက်ခိုက်မှုကို ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပါတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တာဝန်ခံရန် တောင်းဆိုကြောင်း အန်တိုနီယို ဂူတာရက်စ်က ဆိုသည်။

မစ္စတာ Guterres သည် သေဆုံးသူများ၏ မိသားစုများထံ အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဒဏ်ရာရသူများကို အရေးပေါ် ဆေးကုသမှု ခံယူရန်နှင့် အကူအညီများ ရရှိနိုင်ရန်လည်း ၎င်းက တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

“အထွေထွေအတွင်းရေးမှူးချုပ်က အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့အညီ အရပ်သားတွေကို အကာအကွယ်ပေးရေး ဦးစားပေးကို ထပ်လောင်းအတည်ပြုပါတယ်” ဟုကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုသည်။

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကလည်း လေကြောင်း တိုက်ခိုက်မှု သတင်းကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ပြောဆိုသည်။

“ကန်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ကျောင်းသား ကျောင်းသူ တွေအပြင် တခြားအရပ်သားတွေလည်း အကတွေ ကပြဖျော်ဖြေနေကြပုံရပါတယ်။ အဲဒီနောက် ခန်းမထဲက ထွက်ပြေးလာသူတွေကို ရဟတ်ယာဉ်နဲ့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်က အရပ်သားများကို ကာကွယ်ရန် စစ်တပ်အတွက် ရှင်းလင်းပြတ်သားသော ဥပဒေဆိုင်ရာ တာဝန်များ ရှိသော်လည်း “နိုင်ငံတကာ ဥပဒေနှင့် သက်ဆိုင်သော စည်းမျဉ်းများကို ဗြောင်ကျကျ ဂရုမစိုက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက မှတ်ချက်ပြုခဲ့သည်။

“ နိုင်ငံတကာ တရားစီရင်ရေး လုပ်ငန်းစဉ်တွေက စစ်ခေါင်းဆောင်ပိုင်းကို တနေ့ မှာ သူတို့ ကျူး လွန်တဲ့ ရာဇ၀တ်မှုများအတွက် တာဝန်ရှိကြောင်း ဖော်ထုတ်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါသည်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article