29 C
Yangon

စစ်ကောင်စီက မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ် ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းထား၍ ယခုနှစ် သင်္ကြန် မဖြစ်မနေ စည်ကားရေး လုပ်ဆောင်ဟုဆို

Must read

စစ်ကောင်စီက မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ် ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းထား၍ ယခုနှစ် သင်္ကြန် မဖြစ်မနေ စည်ကားရေး လုပ်ဆောင်ဟုဆို

■ အရက်စတုဒီသာ၊ ဒရုန်းဖျက်ချသည့်စနစ်များ၊ ပစ်မိန့်ပေးထားသည့် အတင်းအကျပ် လုပ်ခိုင်းသည့်သင်္ကြန် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မဖြစ်နိုင်ဟုဆို

ရန်ကုန်၊ ဧပြီ ၁၂

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို ကုလသမဂ္ဂယူနစ်စကို အသိအမှတ်ပြု ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းထား၍ မဖြစ်မနေ စည်ကားစေရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ်သင်္ကြန်တွင် ဝန်ထမ်းများ မဖြစ်မနေ သွားရောက် ရေကစားကြရန်၊ အရက်စတုဒီသာများ ထားရှိရန်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်အတွင်းမှ ပြည်သူများကို မဖြစ်မနေ ဆင့်ခေါ်၍ ရေပက်ခံထွက်ကြရန် စသည်ဖြင့် ညွှန်ကြားချက် မျိုးစုံ ထုတ်ပြန်ထားခြင်းဖြစ်သည်။

“မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ကို ယူနက်စကိုဝင်နိုင်ဖို့စာနဲ့ညွန်ကြားတာမှာ ပြောတော့ တမျိုး လုပ်တော့တလွဲ ဖြစ်နေတယ်။ မြို့နယ်တိုင်းမဖြစ်မနေ လုပ်ခိုင်း တဲ့မဏ္ဍပ် တွေလူမစည် မှာစိုးလို့ရေပက်ခံလာတဲ့သူအရက်အလားစတုဒီသာတိုက်မယ်။ ရပ်ကွက်အုပ်ကြီးတွေကိုယ့် ရပ်ကွက်ထဲ က စိတ်ချရတဲ့လူတွေခေါ်ခဲ့ အရက်သောက်ပြီးကရမယ်ခေါ်ခဲ့ ။ လာတဲ့သူ အရက်အလကားတိုက်ဖို့ အရက် ရှာစုဆောင်းထားဖို့ခိုင်းတယ်။ ဒါကို ယဥ်ကျေးမှု အမွေအနှစ် ဝင်အောင်လုပ်မယ်။ ရန်ကုန်တိုင်း မြို့တော်ဝန်မဏ္ဍပ်နဲ့ ပြည်သူ့ရက်ပြင်ထဲကမဏ္ဍပ်တွေ လူစည်ကားကြောင်းပြချင်လို့ မြို့နယ်တိုင်းကို ကားတစ်စီးနှစ်စီးနဲ့ ရပ်ကွက်အုပ်​ကြီး၊ရာမှူး၊ဆယ်မှူး သူတို့လူတွေတင်ပြီး ရေပက်ခံထွက်ခိုင်းမြို့ထဲလှည့်ပတ်မောင်းခိုင်းမယ်။ အဲဒါမျိုးနဲ့တော့ ယူနက် စကိုရဲ့ယဉ်ကျေးမှု အမွှေအနှစ် မဝင်နိုင်ဘူးထင်တယ်” ဟု စစ်ကောင်စီသတင်းရင်းမြစ်တစ်ခုက ပြောသည်။

ထို့ပြင် ပြည်နယ်/တိုင်း စစ်ကောင်စီများ၏ ဗဟိုမဏ္ဍပ်များနှင့် ၁ မိုင်ပတ်လည်ကို ဒရုန်းဖြင့် ဗုံးကျဲမှု မရှိနိုင်စေရန် ဒရုန်းဖျက်ချသည့် စက်များ တပ်ဆင်ထားပြီး ဒရုန်းပစ်ချသည့် လက်နက်များလည်း အသင့်ဆောင်ထားကြောင်း သိရှိရသည်။

“ဒရုန်းရန်ကြောက်လို့ မြို့နယ်မဏ္ဍပ်အပါအဝင် ရင်ပြင်ထဲကမဏ္ဍပ် မြို့တော်ဝန်မဏ္ဍပ်တွေမှာ ဒရုန်းဖျက် ဂျန်ဘာ တွေတပ်ဆက်ပြီး ၁မိုင်ပတ်လည် ဒရုန်းဝင်မရအောင် လုပ်ထားတယ်။ ဒီလို ကြောက်လန့်နေရတဲ့ သင်္ကြန်၊ အမိန့်ပေါင်းစုံနဲ့ သင်္ကြန်ကတော့ ယူနက်စကိုရဲ့ ယဉ်ကျေးမှု သင်္ကြန်တော့ မဝင်နိုင်ပါဘူး။ အဲဒါက သေချာပေါက်ပါပဲ” ဟု စစ်ကောင်စီသတင်းရင်းမြစ်က ပြောသည်။

ယခုနှစ်သင်္ကြန်တွင် ဗဟိုမဏ္ဍပ်များတွင် စနိုက်ပါများ၊ လုံခြုံရေးအစောင့်များ ထားရှိမည်ဖြစ်ပြီး မသင်္ကာလျှင် ပစ်ခတ်နှိမ်နင်းရန် ပစ်မိန့်လည်း ပေးထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article