31 C
Yangon

ဗီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း ရာထူးမှ ဖယ်ရှားခံလိုက်ရ ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် တိုင်ကြားမှုများရှိခဲ့

Must read

ဗီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း ရာထူးမှ ဖယ်ရှားခံလိုက်ရ ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် တိုင်ကြားမှုများရှိခဲ့

ရန်ကုန်၊ ဧပြီ ၁၇

ဗီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း ရာထူးမှ ဖယ်ရှားခံလိုက်ရ ကြောင်း ဗီအိုအေ နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယမန်နှစ်နှောင်းပိုင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် တိုင်ကြားမှုများ ရှိသည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗွီအိုအေ မြန်မာပိုင်းဌာနမှူးကို ဌာနမှူး ရာထူးနှင့် အလုပ် တာဝန်မှ ဖယ်ရှား ထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး အမျိုးသမီး ဝန်ထမ်း တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်ဖြင့် တိုင်ကြားချက်များ ရှိခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း ရာထူးမှ ဖယ်ရှားခံရမှုနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ကမ္ဘာလုံး ဆိုင်ရာ မီဒီယာ အေဂျင်စီ (USAGM) နှင့် VOA ထံသို့ တရားဝင် အီးမေးလ် ပေးပို့ မေးမြန်းထားပြီး အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးပေ။

USAGM သည် VOA နှင့် Radio Free Asia တို့ကို ကြီးကြပ်သည့် အမေရိကန် ပြည်ထောင်စု ဖက်ဒရယ်အေဂျင်စီတခုဖြစ်ပြီး ၎င်း၏ဘတ်ဂျက်သည် ပြည် ထောင်စု ရန်ပုံငွေမှ အသုံးပြုခြင်းဖြစ်သည်။

ဗီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း တာဝန်ယူစဉ်က ၎င်း၏ လက် အောက်မှ ထုတ်လုပ်လွှင့်ထုတ်သော သတင်းများသည် အမေရိကန်အစိုးရ ၏ ရပ်တည်ချက်၊ နိုင်ငံခြားရေး မူဝါဒနှင့် ဆန့်ကျင်ကွဲပြားပြီး အာဏာသိမ်း စစ် ကောင်စီ ဘက်မှ ယိမ်းနေသည်၊ ရပ်တည်နေသည်ဆိုသော ဝေဖန်မှု အများ အပြား ထွက်ပေါ်ခဲ့ကြောင်း၊ VOA မြန်မာပိုင်း၏ ရပ်တည်ချက်အပေါ် ပြည်တွင်း ပြည်ပ နိုင်ငံရေးအသိုင်း အဝိုင်းနှင့် တက်ကြွလှုပ်ရှားသူများ အသိုင်း အဝိုင်းက အမြဲတမ်း မေးခွန်းထုတ်ခဲ့ကြသည်။

ဓာတ်ပုံ- ဦးသန်းလွင်ထွန်း ။

- Advertisement -spot_img

More articles

1 COMMENT

  1. ခေတ်သစ်ရေ….
    * လူတစ်ယောက် ရဲ့ သိက္ခာ အကြီးအကျယ် သားစဉ်မြေးဆက်ထိ ရှက်ရွံ့သိမ်ငယ်စရာ တွေ လက်ဆင့်ကမ်း စေမဲ့ သတင်းမျိုးမှာ မျက်နှာ ကိုတော့ မဖေါ်ပြသင့်ပါ။ နာမည် ‌ အတိအကျ ရေးပြ ပြောပြတာတောင် လွန်လှ ပြီ။
    အကျိုးဆက်က ..
    1, တိုင်ကြားသူ မိန်းကလေး ကို ထပ်ဆင့်အညှိုးသို ဖျက်လို့ဖျက်ဆီး အစဉ်တစိုက် ရန်ရှာခြင်း ခံရတတ်ပါတယ်။
    2, မိသားစု ဝင်မောင်နှမ သားသမီးများအထိ သိမ်ငယ် လူတောမတိုး ဖြစ် ဘို့ ရာမသင့် ဘူးယူဆပါတယ်။

    3, မအလ၊ နဝ တို့ ရဲ့ ရာဇဝတ်မှာမျိုး နဲ့ ဒီအမှုမျိုး က သဘာဝမတူပါဘူး၊ ဟိုက တမျိုးလုံးက အရိပ်ခို ပြီလူအများ ကို ဖေါက်ပြား‌ေစာ်ကားကြတာပါ။

    သူ့ ဒီအမှုက သူ တယောက်တည်း က အခြားသူ တစ်ဦး နှစ်ဦး ကို သာ ထိခိုက်စေတာမို့ သူ့ရဲ့ ဆွေစဉ်မျိုးဆက် သူ့အမှု အကြောင်းပြုပြီး လူတောမတိုး မဖြစ်သင့်ဘူးလေ။

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article