30 C
Yangon

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၇

ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာရဲကင်းစခန်းကို PDF တပ်ဖွဲ့များ ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး တစ်ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့ ည ၉ နာရီ မိနစ် ၂၀ ခန့်က အဆိုပါရဲကင်း စခန်း ကို နွေဦးပိတောက် စစ်ဆင်ရေးအဖြစ် ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံး ၇ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၃ လုံးမှာ ခြံစည်းရိုး အပြင်ဘက်တွင် ကျ ရောက်ပေါက်ကွဲပြီး ၉ လုံးမှာ စခန်းအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ ကြောင်း၊ ထို့ နောက် လက်နက်ငယ်များဖြင့် စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်း အထန် ဒဏ်ရာရရှိကာ ရဲကင်း စခန်း ဘန်ကာ၊ အချုပ်ခန်းဟောင်းနှင့် စခန်း အတွင်းရှိ ဓမ္မာရုံ တခြမ်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်၏ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ခြေ ဖနောင့် ၊ လက်ဖျားတို့တွင် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲကင်းစခန်းကို သိမ်းနိုင်သည်အထိ အသာစီးတိုက်ခိုက်နိုင်ခဲ့သော် လည်း စစ်ကူများရောက်ရှိလာခြင်း၊ လက်နက်ခဲယမ်း လိုအပ်ခြင်းများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ၎င်းစီးနင်း တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုမှာ ယခုထက် ပိုများနိုင်ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၄ က ဦး ဆောင်၍ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ နှင့် YOMA(GBK) ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article