29 C
Yangon

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ မြိတ်ထံမှ သိရသည်။

ဧပြီလ ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာ၊ ရေသန့်စက်ရုံအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပထမအကြိမ်တိုက်ခိုက်ပြီး နေ့လည် ၁ နာရီခွဲမှ ၃ နာရီအထိ ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျား အဖွဲ့၊ တောင်ပံနီကာကွယ်ရေးပြောက်ကျားအဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အလားတူ ဧပြီလ ၈ ရက် နံနက် ၇ နာရီခန့်က တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ၊ ချောင်းညီ အစ်ကို ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တောပုန်းကြီး(တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့)၊ မြိတ်ခရိုင် PDF တပ်ရင်း ၂ ၊ တနင်္သာရီမြို့နယ်မဟာမိတ်တပ်ပေါင်းစု တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း၌ စစ်ရေးအခြေ တင်းမာနေသဖြင့် မိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေ ဖြင့် သတိရှိစွာ သွားလာနေထိုင်ကြရန် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article