28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု အပါအဝင် မစ်ရှင်တွေကို ဖော်ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးအရ ခက်ခက်ခဲခဲ ဆောင်ရွက် နေရတယ်လို့ MK-CDF အဖွဲ့ ဥက္ကဋ္ဌ ကနေ ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။

– တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ လက်နက်ကိုင် မူးယစ်ဂိုဏ်း ၁ ခုကို PDF တပ်ဖွဲ့တွေကနေ ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် တချို့ နဲ့ WY ဆေးပြားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံး – PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ယခုရက်ပိုင်းအတွင်း မီးပြတ် တောက်မှု အခြေအနေ အလွန်ဆိုးရွားလာနေပြီး စစ်ကောင်စီဘက်ကတော့ ၄ နာရီ ခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးနေတယ်လို့ ထုတ်ဖော် ပြောဆိုထားပေမယ့် လက်တွေ့မှာ လျှပ်စစ်မီးမလာတာက ပိုများနေတယ်လို့ မြို့နေပြည် သူတွေက ပြောပါတယ်။

– ရန်ကုန်မြို့ပြတော်လှန်ရေး အင်အားစုတွေ ဖြစ်တဲ့ ကြည့်မြင်တိုင်Networks (KMD -18) နဲ့ မရမ်းကုန်း- Democratic Front (MDF) တို့ကနေ ပြည်သူ့ရင်ခွင်ရဲ့ (ဖရဲသီး) စီမံချက် ပိုမိုအောင်မြင်စေရေး အတွက် ရန်ကုန် နဲ့ မန္တလေးမြို့တွေရဲ့ လူစည်းကားရာ နေရာတွေမှာ ပိုစတာစာရွက် ၂ ထောင်ကျော်ကို ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့မှာ ဖြန့်ကျဲခဲ့တဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article